
ဂိုး ၄၀၀ သွင်းယူနိုင်ခြင်းက အထင်ကြီးစရာမကောင်းဘဲ စီရော်နယ်လ်ဒိုလို ဂိုး ၁၀၀၀ သွင်းယူနိုင်ဖို့ ကြိုးစားချင်တယ်လို့ ဘာပေ ပြောကြား
ပြင်သစ်တိုက်စစ်မှူး ဘာပေက ဂိုး ၄၀၀ သွင်းယူနိုင်ခြင်းက အထင်ကြီးစရာမကောင်းကြောင်းနဲ့ စီရော်နယ်လ်ဒိုလို ဂိုး ၁၀၀၀ သွင်းယူနိုင်ဖို့ ကြိုးစားချင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဘာပေဟာ ယူကရိန်းကို (၄-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ (၂)ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ကစားသမားဘဝ သွင်းဂိုး ၄၀၀ ပြည့်မြောက်ခဲ့ပါတယ်။
ဘာပေဟာ လက်ရွေးစင်အသင်းအတွက် (၅၅)ဂိုး၊ ကလပ်အသင်းတွေအတွက် (၃၄၅)ဂိုး သွင်းယူခဲ့တာပါ။
ဘာပေဟာ အသက်(၂၆)နှစ်သာရှိသေးတာကြောင့် ဘရာဇီးလ်ဂန္ထဝင် ပီလီနောက်ပိုင်း အသက်အငယ်ဆုံး ဂိုး ၄၀၀ ပြည့်သွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။
ဒါပေမဲ့ ဘာပေက ”အခု ဂိုး ၄၀၀ က လူတွေအတွက် အထင်ကြီးစရာမဟုတ်ပါဘူး။ လူတွေကို အံ့သြစေချင်ရင် နောက်ထပ် ဂိုး ၄၀၀ သွင်းရမှာပါ။ စီရော်နယ်လ်ဒိုလို ဂိုး ၁၀၀၀ လား။ ဒါက စိတ်ကူးယဉ်ဆန်ပေမဲ့ ကျွန်တော်တို့ ကြိုးစားကြည့်ရမှာပါ။ ကျွန်တော်တို့မှာ ကစားသမားဘဝတစ်ခုပဲ ရှိတာပါ” လို့ ပြောကြားခဲ့ပါတယ်။









