• Home
  • Football News
  • ချယ်လ်ဆီးရဲ့ကြယ်အသစ် အီစတယ်ဗို

ချယ်လ်ဆီးရဲ့ကြယ်အသစ် အီစတယ်ဗို

ချယ်လ်ဆီးရဲ့ကြယ်အသစ် အီစတယ်ဗို

အီစတယ်ဗိုက ပရီးမီးယားလိဂ်ရပ်ဝန်းမှာ တောက်မဲ့မီးခဲတရဲရဲ ဖြစ်ကြောင်း သက်သေပြနေပြီ။ အသက် ၁၈ နှစ်အရွယ် ဘရာဇီးလ်ကြယ်လေးဟာ လီဗာပူးလ်ကိုနောက်ကျဂိုးနဲ့အသည်းခွဲလိုက်ပါတယ်။

ပါလ်မာ မပါဝင်နိုင်ဘဲ တိုက်စစ်မှာ ဒဏ်ရာပြဿနာတွေရှိနေတဲ့ ချယ်လ်ဆီးအတွက် အီစတယ်ဗိုအလင်းဟာ အတော်လေး အရေးပါခဲ့တယ်။

ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ ဂိုးတွေသွင်းပြနေပါတယ်။ အေဂျက်စ်ကို ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ အီစတယ်ဗိုက
ဂိုးတစ်ဂိုးသွင်းပြခဲ့တာပါ။

ပယ်နယ်တီကန်သွင်းနေကျ အန်ဇိုကအေဂျက်စ်နဲ့ပွဲမှာ ရတဲ့ပထမပယ်နယ်တီကို သူကိုယ်တိုင်ကန်ခဲ့ပေမယ့် ဒုတိယပယ်နယ်တီကို
အီစတယ်ဗိုအတွက်အခွင့်အရေးပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ အီစတယ်ဗိုက ချယ်လ်ဆီးအသင်းရဲ့ အသက်အငယ်ဆုံး ချန်ပီယံလိဂ်ဂိုးသွင်းသူ ဖြစ်လာခဲ့တယ်။

ချယ်လ်ဆီးသမိုင်းကိုပြန်ကြည့်ရင် သီယာဂိုဆေးလ်ဗား၊ ရာမီရက်စ်အစရှိတဲ့ ဘရာဇီးလ်သားတွေဟာ ချယ်လ်ဆီးကောင်းကျိုး
သယ်ပိုးနိုင်ခဲ့တယ် မဟုတ်လား။

ရီးယဲလ်နဲ့အတူ လင်းပနေတဲ့ ဗင်နီစီယက်စ်က အသက် ၁၇ နှစ်အရွယ်မှာ ဉရောပမြေကိုစွန့်စားခန်းထွက်ပြီးအထူးအောင်မြင်ခဲ့တယ်
အီစတယ်ဗိုလည်း အဲဒီလိုဇာတ်လမ်းမျိုး အကြီးအကျယ်မျှော်လင့်ခွင့်ရှိနေပြီ။

ချယ်လ်ဆီးကလူငယ်ကြယ်ပွင့်တွေနဲ့အတူ အနာဂတ်အသစ်ကိုဖန်ဆင်းနေပါတယ်။ လူငယ်တွေဖန်ဆင်းမယ့်အနာဂတ်မှာ ချယ်လ်ဆီး
ဘယ်လောက်အောင်မြင်မလဲဆိုတာ ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားနေတယ်။

အီစတယ်ဗိုကလည်း ရင်ခုန်စရာကြယ်ပွင့်ပါ။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...