
ဆာလာက လီဗာပူးလ်အတွက် ပြဿနာဖြစ်လာပြီလား
လီဗာပူးလ်ရဲ့Untouchable Player က ဆာလာပါ။ သူ့ကို ဖယ်ရှားဖိုရာမဖြစ်နိုင်သေးဘူး။
ဆာလာကို ဉီးတည်ပြီး လီဗာပူးလ်တိုက်စစ်လည်ပတ်နေတာနှစ်အတန်ကြာခဲ့ပြီ။ ဆာလာရဲ့ထူးချွန်မှုကြောင့်ပဲ လီဗာပူးလ်ဟာခမ်းနားအောင်ပွဲတွေပိုင်ဆိုင်ခဲ့တာပါ။ ဒါပေမဲ့ အခုတွေးစရာကောင်းလာတာကဆာလာဟာ လီဗာပူးလ်ရဲ့ပြဿနာတစ်ခုဖြစ်လာပြီလားဆိုတာပါ။
ဆာလာကခံစစ်ကို ကူညီနိုင်စွမ်း မရှိလို လီဗာပူးလ်အတွက် ပြဿနာဖြစ်လာပါတယ်။ အထူးသဖြင့် ထိပ်တန်းအသင်းတွေနဲ့ရင်ဆိုင်ရတဲ့အခါ ဆာလာက ခံစစ်မကူညီနိုင်လို လီဗာပူးလ် ဒုက္ခများနေရတယ်။
အာနယ်ဆလော့က လျင်မြန်တဲ့တိုက်စစ်အကူးအပြောင်းတွေအတွက်ဆာလာကို တိုက်စစ်ညာတောင်ပံ မှာ အခွင့်အရေးစောင့်ဆိုင်းခိုင်းထားပါတယ်။ ခက်တာက လီဗာပူးလ်ညာနောက်ခံလူနေရာအဖြစ် ကစားနေတဲ့ ဖရင်ပေါင်၊ ဘရက်ဒ်လေ ၊ ဆိုဘိုဆလိုင်းတိုက 2vs1 နှစ်ယောက်တစ်ယောက် အခြေအနေဖြစ်နေပြီး တာဆီးနိုင်စွမ်းမရှိပါဘူး။
ဒီတော့ ဆာလာခံစစ်မကူညီနိုင်တာဟာ လီဗာပူးလ်ရဲ့အားနည်းချက်၊ပြိုင်ဘက်တွေအတွက် ထိုးနှက်စရာအကွက်ဖြစ်လာတယ်။
လီဗာပူးလ်က ညာနောက်ခံလူနေရာအားနည်းချက်ရှိသလို၊ ဆာလာရဲ့နောက်မှာကစားတဲ့ ကွင်းလယ်လူဂရာဗန်ဘာ့ချ်ရဲ့တိုက်စစ်အားသန်စိတ်ထားမြင့်မားလာတာကြောင့်လည်း ညာခြမ်းမှာ Space တွေများနေပါတယ်။ လီဗာပူးလ်ရဲ့ပြိုင်ဘက်တွေက အဲဒီအားနည်းချက်ကို အကောင်းဆုံးအသုံးချနေပြီး လီဗာပူးလ်ကို အသည်းခွဲနေပါတယ်။
ဆာလာကခံစစ်မကူနိုင်လို စတင်ဝေဖန်ခံလာရသလို၊ သွင်းဂိုးတွေလည်းခမ်းခြောက်လာပါတယ်။ တိုက်စစ်အသင်းဖော်အသစ်တွေနဲ့လည်းဆာလာ နားလည်မှုမရသေးပါဘူး။ မန်ယူနဲ့ပရီးမီးယားလိဂ်ပွဲ၊ ဖရန့်ဖတ်နဲ့ ချန်ပီယံလိဂ်ပွဲတွေမှာ ဆာလာက
တစ်ကိုယ်ကောင်းဆန်ခဲ့လိုလည်း ဝေဖန်ခံနေရပါတယ်။
ဆာလာကလီဗာပူးလ်အတွက် ပြဿနာတစ်ခုဖြစ်လာပြီလား။









