
မန်ယူအသင်းရဲ့ ကင်မရွန်းတိုက်စစ်ကစားသမား အမ်ဘူမိုဟာ ဘရိုက်တန်ကွင်းလယ်ကစားသမား ဘာလီဘာကို မန်ယူအသင်းထံ ပြောင်းရွှေ့ဖို တိုက်တွန်းနေကြောင်း သိရပါတယ်။
ဘာလီဘာ(၂၁ နှစ်)ဟာ ၂၀၂၃ နွေရာသီကမှ လိုင်လီကနေ ဘရိုက်တန်အသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်နဲ့ မြန်မြန်ဆန်ဆန်အံဝင်ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ထိပ်သီးအသင်းများစွာက ခေါ်ယူဖို စိတ်ဝင်စားနေကြပါတယ်။
မန်ယူအသင်းက ပြီးခဲ့တဲ့နွေရာသီမှာ ဘာလီဘာကို ခေါ်ယူဖို ကြိုးပမ်းခဲ့သလို၊ လာမယ့် ဇန်နဝါရီစျေးကွက်မှာ ထပ်မံကြိုးပမ်းဖို စီစဉ်နေပြီး အမ်ဘူမိုကလည်း အနီးကပ်တိုက်တွန်းမှုပြုလုပ်နေကြောင်း သိရပါတယ်။
ဘရိုက်တန်အသင်းက ပြီးခဲ့တဲ့နွေရာသီမှာ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့သလို၊ အခု မန်ယူနဲ့ သတင်းတွေ ထွက်ပေါ်လာချိန်မှာလည်း နည်းပြ ဟူဇယ်လာက ဘာလီဘာဟာ ရာသီကုန်တဲ့အထိ အသင်းမှာ ဆက်ရှိနေမယ်လို ပြောကြားခဲ့ပါတယ်။
ဘရိုက်တန်အသင်းက ဘာလီဘာအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၁၀၀)အထိ အလိုရှိနေကြောင်း သိရပါတယ်။









