• Home
  • Football News
  • Serie A
  • ဆန်မာရီနိုကို (၄)ဂိုးသွင်းခဲ့တဲ့ အာနော်တိုဗစ် သြစတြီးယားအသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာ

ဆန်မာရီနိုကို (၄)ဂိုးသွင်းခဲ့တဲ့ အာနော်တိုဗစ် သြစတြီးယားအသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာ

သြစတြီးယားလက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူး အာနော်တိုဗစ်ဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆန်မာရီနိုနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ တစ်ဦးတည်း (၄)ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် သြစတြီးယားအသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
အဲဒီပွဲမှာ သြစတြီးယားအသင်းက ဆန်မာရီနိုကို (၁၀-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အာနော်တိုဗစ်က (၄)ဂိုးသွင်းယူနိုင်ခဲ့တာပါ။
အာနော်တိုဗစ်ဟာ ဒီပွဲမတိုင်ခင်တုန်းက သွင်းဂိုး(၄၁)ဂိုးနဲ့ တိုနီပေါ်စတာ(၄၄ ဂိုး)ရဲ့နောက် ဒုတိယနေရာမှာသာ ရှိနေခဲ့ပြီး လက်ရှိအချိန်မှာတော့ (၄၅)ဂိုးနဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာခဲ့ပါပြီ။
အသက်(၃၆)နှစ်ရှိပြီဖြစ်တဲ့ အာနော်တိုဗစ်ဟာ လက်ရှိအချိန်မှာ ဆားဘီးယားကလပ် ဇဗက်ဒါအသင်းမှာ ကစားနေပြီး သြစတြီးယားအသင်းအတွက် ပွဲအများဆုံးကစားထားသူအဖြစ်လည်း (၁၂၈)ပွဲနဲ့ စံချိန်တင်ထားပါတယ်။
အာနော်တိုဗစ်ဟာ လက်ရွေးစင်အသင်းအတွက် တစ်ပွဲတည်း (၄)ဂိုးသွင်းယူနိုင်တာ ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း သိရပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...