
အဂ်လန်အသင်းတိုက်စစ်မှူး ဟာရီကိန်းကခြေချင်းဝတ်ဒဏ်ရာကြောင့် ဝေးလ်စ်အသင်းနဲ့
ခြေစမ်းပွဲကိုလွဲချော်မှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာဟာရီကိန်းရဲ့ခြေထောက်ဟာဘောလုံးကန်တိုင်းနာကျင်မှုခံစားနေရတယ်လို
သိရပါတယ်။ဒါကြောင့်ပဲဟာရီကိန်းကိုစွန့်စားအသုံးမပြုဘဲ
အနားပေးခဲ့တာဖြစ်ပြီးလာမယ့်လတ်ဗီးယားအသင်းနဲ့ပွဲမှာပြန်လည်ပါဝင်ကစားဖွယ်ရှိနေပါတယ်။
ဟာရီကိန်းကလက်ရွေးစင်အသင်းအတွက်၁၀၉ ပွဲကစားပြီးချိန်မှာ ၇၄ ဂိုးအထိသွင်းယူထားနိုင်ပါတယ်။ လက်ရှိအဂ်လန်အသင်းကစားသမားတွေအားလုံးပေါင်းသွင်းဂိုးကဟာရီကိန်းထက်နည်းပြီး၅၃ ဂိုးပဲရှိပါတယ်။
၂၀၁၅ ခုနှစ်မှာ အဂ်လန်အသင်းအတွက် စတင်ပွဲထွက်ကစားသူဟာရီကိန်းက အဲဒီကာလအတွင်း အဂ်လန်အသင်းရတဲ့သွင်းဂိုးစုစုပေါင်းရဲ့၂၆ ဒဿမ ၄ ရာခိုင်နှုန်းအထိသွင်းယူခဲ့သူဖြစ်ပါတယ်။









