
၂၀၂၅-၂၆ ပရီးမီးယားလိဂ်ဘောလုံးရာသီ ချန်ပီယံရေပန်းစားမှုမှာ အာဆင်နယ်အသင်းက နယူးကာဆယ်အသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရပြီးနောက် ထိပ်ဆုံးနေရာကို ရောက်ရှိလာခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်-၆ မတိုင်ခင် ၇း၄ လေးသာ ရှိနေရာက ဇယားထိပ်ဆုံးမှာရှိတဲ့ လီဗာပူးလ်အသင်း ပထမဆုံးရှုးပွဲနဲ့ ရင်ဆိုင်ရပြီးနောက် အဆင့်တစ်နေရာကို တက်လှမ်းလာခဲ့တာဖြစ်တယ်။
William Hill က နောက်ဆုံးထုတ်ပြန်ထားတဲ့ ချန်ပီယံအလေးပေးချက်မှာ အာဆင်နယ်အသင်းက ၅း၄ လေးနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။
လီဗာပူးလ်အသင်းက ရး၄ လေးကို ကျဆင်းသွားပြီး မန်စီးတီးအသင်းကတော့ ၉း၂ လေးနဲ့
တတိယနေရာမှာ ရှိနေပါတယ်။
ပရီးမီးယားလိဂ်ရာသီ မစတင်ခင် ချန်ပီယံအလေးပေးချက်မှာ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းက ရေပန်းအစားဆုံးဖြစ်ခဲ့ပြီး အာဆင်နယ်နဲ့ မန်စီးတီးအသင်းတိုက ဒုတိယ၊ တတိယနေရာများမှာ ရှိခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ၂၀၀၄ ခုနှစ်ကတည်းက ဝေးကွာနေပြီး ယခုရာသီမှာ အသင်းကို အကြီးအကျယ်ပြင်ဆင်ထားကာ ဆယ်စုနှစ် နှစ်ခုကျော် အမှတ်ပေးချန်ပီယံဆုနဲ့ ဝေးကွာမှုကို အဆုံးသတ်နိုင်ဖို မျှော်လင့်ချက်အမြင့်ဆုံး ရောက်ရှိနေပါတယ်။









