
ဂျိုတာရဲ့ လက်ကျန်စာချုပ်သက်တမ်းကို လစာငွေအပြည့်ပေးချေမယ်လို့ အာနယ်ဆလော့ အတည်ပြု
လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က ကွယ်လွန်သွားတဲ့ တိုက်စစ်ကစားသမား ဂျိုတာရဲ့ လက်ကျန်စာချုပ်သက်တမ်းကို လစာငွေအပြည့်ပေးချေမယ်လို့ အတည်ပြုခဲ့ပါတယ်။
လီဗာပူးလ်အသင်းပိုင်ရှင်တွေဟာ လက်ကျန်စာချုပ်သက်တမ်း နှစ်နှစ်ကို လစာငွေအပြည့်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။
ပေါ်တူဂီကစားသမား ဂျိုတာ(၂၈ နှစ်)ဟာ ညီဖြစ်သူ အန်ဒရေဆေးလ်ဗားနဲ့အတူ ဇူလိုင်လ ၃ ရက်က စပိန်နိုင်ငံမှာ ယာဉ်မတော်တဆမှုနဲ့ ကွယ်လွန်ခဲ့ပါတယ်။
ဇနီးဖြစ်သူ ရူတေကာဒိုဆိုနဲ့အတူ သားသမီးသုံးဦး ကျန်ရစ်ခဲ့ပါတယ်။
ဂျိုတာရဲ့စာချုပ်သက်တမ်းဟာ ၂၀၂၆-၂၇ ရာသီကုန်အထိဖြစ်ပြီး မိသားစုကို လစာအပြည့်ပေးဖို့ အသင်းပိုင်ရှင် Fenway Sports Group က ဆုံးဖြတ်ခဲ့တယ်လို့ ပေါ်တူဂီသတင်းတွေက ဖော်ပြပြီးနောက် အာနယ်ဆလော့က အတည်ပြုပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ၎င်းက အသင်းပိုင်ရှင်တွေရဲ့ ဆုံးဖြတ်ချက်ကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။









