• Home
  • Football News
  • အာဆင်နယ်အသင်းရဲ့ အကယ်ဒမီကစားသမားဟောင်း ဘီလီဗီဂါ ဦးနှောက်ဒဏ်ရာရရှိပြီး ကွယ်လွန်

အာဆင်နယ်အသင်းရဲ့ အကယ်ဒမီကစားသမားဟောင်း ဘီလီဗီဂါ ဦးနှောက်ဒဏ်ရာရရှိပြီး ကွယ်လွန်

အာဆင်နယ်အသင်းရဲ့ အကယ်ဒမီကစားသမားဟောင်း ဘီလီဗီဂါ ဦးနှောက်ဒဏ်ရာရရှိပြီး ကွယ်လွန်

အာဆင်နယ်အသင်းရဲ့ အကယ်ဒမီကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဘီလီဗီဂါဟာ ဘောလုံးပွဲ ယှဉ်ပြိုင်ကစားစဉ် ဦးခေါင်းထိခိုက်မိပြီး ဦးနှောက်ဒဏ်ရာရရှိကာ ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။

ဘီလီဗီဂါဟာ အသက်(၁၄)နှစ်အရွယ်မှာ အာဆင်နယ်အကယ်ဒမီကို စတင်ရောက်ရှိလာတဲ့ အင်္ဂလန်တိုက်စစ်မှူးဖြစ်ပြီး အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပေမဲ့ အသင်းကြီးအတွက် ကစားခွင့်မရခဲ့ဘဲ ၂၀၂၃-၂၄ ရာသီကုန်မှာ အာဆင်နယ်အသင်းနဲ့ လမ်းခွဲသွားခဲ့တာပါ။

ဘီလီဗီဂါဟာ ပြီးခဲ့တဲ့လက ချီချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့တဲ့ စနေနေ့က Wingate and Finchley အသင်းနဲ့ အင်္ဂလန်သတ္တမတန်းအဆင့်ပွဲစဉ် ယှဉ်ပြိုင်ကစားစဉ် ကွန်ကရစ်နံရံနဲ့ တိုက်မိပြီး ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့ပါတယ်။

အင်္ဂါနေ့မှာ ခွဲစိတ်ကုသမှု ခံယူခဲ့ပေမဲ့ ကြာသပတေးနေ့ နံနက်ပိုင်းမှာ ဆုံးပါးသွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက်(၂၁)နှစ်သာရှိသေးကြောင်း သိရပါတယ်။

ဘီလီဗီဂါ ကွယ်လွန်ခဲ့ခြင်းအတွက် လက်ရှိအသင်းအပြင် အာဆင်နယ်အသင်းကရော အငှားသွားကစားခဲ့ဖူးတဲ့ ဒါဘီအသင်းကပါ ဝမ်းနည်းကြေကွဲကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...