
ုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းဟာ ဟော်ဖန်ဟင်မ်ကို ၄-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ပယ်နယ်တီနှစ်ဂိုးအပါအဝင် ဟက်ထရစ်သွင်းယူနိုင်ပြီးနောက်
ဘွန်ဒစ်လီဂါသမိုင်းမှာ ပထမဆုံး ပယ်နယ်တီ ၁၇ လုံးကို ရာနှုန်းပြည့်ဂိုးသွင်းနိုင်သူအဖြစ် မှတ်တမ်းသစ်ရေးထိုးခဲ့ပါတယ်။
ဟန်းယော်ကင်းအာဘယ်လ် တင်ရှိထားတဲ့ ပထမဆုံး ပယ်နယ်တီ ၁၆ ကြိမ်စလုံး ဂိုးသွင်းနိုင်သူမှတ်တမ်းကို ဟာရီကိန်းက ကျော်ဖြတ်ခဲ့တာပါ။
အာဘယ်ဟာ ဒီပယ်နယ်တီ ၁၆ လုံးအတွက် ကိုးရာသီ အချိန်ယူခဲ့ရပြီး ဟာရီကိန်းကတော့ သုံးရာသီအတွင်း မှတ်တမ်းသစ် ရေးထိုးခဲ့ပါတယ်။
ဟာရီကိန်းအနေနဲ့ အခုရာသီ ဘွန်ဒစ်လီဂါ လေးပွဲမှာ ဒုတိယမြောက်ဟက်ထရစ် သွင်းယူနိုင်ခဲ့တာပါ။
ဒါ့အပြင် အခုရာသီ လိဂ်ဂိုး ရှစ်ဂိုးအပါအဝင်
ပြိုင်ပွဲစုံ ခုနစ်ပွဲမှာ ၁၃ ဂိုးအထိ သွင်းယူခဲ့တာ
ဖြစ်တယ်။
၎င်းဟာ ဘိုင်ယန်အသင်းကို ရောက်လာကတည်းက ဟက်ထရစ် ကိုးကြိမ်အထိ ရှိလာခဲ့ပါတယ်။









