
မန်ယူနိုက်တက်အသင်းနည်းပြ အာမိုရင်မ်က
ချယ်လ်ဆီးကို ၂-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ မှတ်တမ်းကောင်းနှစ်ခု ပိုင်ဆိုင်ခဲ့တဲ့ အသင်းခေါင်းဆောင်
ဘရူနိုဖာနန်ဒက်စ်ကို ချီးကျူးစကား ဆိုခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်အနေနဲ့ အခုပွဲမှာ အသင်းအတွက်
ပရီးမီးယားလိဂ် ပွဲ ၂၀၀ ပြည့်မြောက်ခဲ့ပါတယ်။
ဒါ့အပြင် အသင်းအတွက် တစ်ဂိုးသွင်းခဲ့ပြီး ပြိုင်ပွဲစုံ ဂိုး ၁၀၀ လည်း ပြည့်ခဲ့ပါတယ်။
”ချီးကျူးမှုအားလုံးနဲ့ သူထိုက်တန်ပါတယ်။ အရေး
ကြီးဆုံးအရာက အသင်းသားတွေအပေါ် သူ လွှမ်းမိုးနိုင်မှုရှိတာပါပဲ။ တစ်ခါတစ်ရံတော့ ပွဲတိုင်းမှာ အဓိကလူအဖြစ် သူဟာ အကောင်းဆုံးအနေအထား မရှိခဲ့ပါဘူး။ ဒါပေမဲ့ အရေးကြီးဆုံးအချက်က အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ သူ လုပ်နိုင်တဲ့အနေအထားတိုင်းမှာ အသင်းကို
ပိုကောင်းအောင်ကူညီဖို အကောင်းဆုံးဖြစ်နေရပါမယ်။ သူဟာ ပိုကောင်းအောင် ကစားနိုင်တယ်လို ကျွန်တော် ယူဆပါတယ်။ ဒါပေမဲ့ ကျွန်တော်တို
အသင်းမှာ ရှိတဲ့သူတိုင်း ပိုကောင်းအောင် ကစားရပါမယ်”လို အာမိုရင်မ်က ပြောခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ၂၀၂၀ ဇန်နဝါရီလမှာ စပိုတင်းလစ္စဘွန်းကနေ ပေါင် ၄၇ သန်းနဲ့ အသင်းကို ရောက်ရှိလာသူဖြစ်ပါတယ်။









