• Home
  • Boxing MMA
  • Ismael Bonfim ဝိတ်ချော်မှုကြောင့် ပွဲဆက်လက်ကျင်းပရန် ပိုက်ဆံလျှော့ယူခဲ့ရ

Ismael Bonfim ဝိတ်ချော်မှုကြောင့် ပွဲဆက်လက်ကျင်းပရန် ပိုက်ဆံလျှော့ယူခဲ့ရ

UFC Lightweight တန်းမှ Ismael Bonfim သည် သတ်မှတ်ဝိတ်ထက် ၅ ပေါင်အထိ လွန်ခဲ့တာကြောင့် ၎င်းရဲ့ ပိုက်ဆံ (purse) ၂၅ ရာခိုင်နှုန်းကို ပေးလျော်ရမှာဖြစ်ပါတယ်။

Las Vegas, NV – UFC Vegas 111 ပြိုင်ပွဲဟာ Bonfim ညီအစ်ကိုတွေအတွက် အရေးပါတဲ့ ညတစ်ညဖြစ်လာနိုင်ပေမယ့်၊ အစ်ကိုဖြစ်သူ Ismael Bonfim ကတော့ ပွဲမတိုင်ခင်ကတည်းက အမှားတစ်ခုနဲ့ စတင်လိုက်တာ ဖြစ်ပါတယ်

သောကြာနေ့က ပြုလုပ်ခဲ့တဲ့ တရားဝင် ဝိတ်ချိန်ပွဲတွေမှာ Ismael Bonfim ဟာ ပေါင် ၅ ပေါင် အထိ သိသိသာသာကို ဝိတ်လွန်ခဲ့တာ တွေ့ရပါတယ်။ အစ်ကိုဖြစ်သူ Bonfim ဟာ ပေါင် ၁၆၁ မှာ တရားဝင် မှတ်ပုံတင်ခဲ့ပြီး၊ ခေါင်းစဉ်လုပွဲ မဟုတ်တာကြောင့် ပေးထားတဲ့ ၁ ပေါင် သက်ညှာခွင့်ကို ထည့်တွက်ရင်တောင် Lightweight တန်းရဲ့ အမြင့်ဆုံး ကန့်သတ်ချက်ထက် များစွာ ကျော်လွန်နေတာ ဖြစ်ပါတယ်။

ဝိတ်ချော်မှုကြောင့် Ismael Bonfim ဟာ UFC သက်တမ်းအတွင်းမှာ ဒုတိယအကြိမ် ဝိတ်မမီတာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက UFC Sao Paulo မှာ Vinc Pichel နဲ့ ထိုးမယ့်ပွဲမှာလည်း ၃.၅ ပေါင် လွန်ကဲခဲ့ဖူးပြီး၊ အဲဒီတုန်းက Pichel က ပွဲကို လက်မခံဘဲ ပယ်ဖျက်ခဲ့ဖူးပါတယ်လို သိရပါတယ်။

ဒီတစ်ကြိမ်မှာတော့ Bonfim ရဲ့ ပြိုင်ဘက်ဖြစ်သူ Chris Padilla ဟာ ပေါင် ၁၅၅ နဲ့ အောင်မြင်စွာ ဝိတ်မီခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ UFC က အတည်ပြုတာကတော့ Bonfim vs. Padilla ပွဲကို Catchweight အနေနဲ့ ဆက်လက်ကျင်းပမှာဖြစ်ပြီး၊ Ismael Bonfim က သူ့ရဲ့ ပိုက်ဆံ (purse) ရဲ့ ၂၅ ရာခိုင်နှုန်းကို ပြစ်ဒဏ်အနေနဲ့ ပေးလျော်ရမှာ ဖြစ်ပါတယ်

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
ဘီလယ်လ် မိုဟာမက်ဒ် (Belal Muhammad) သည် ၂ ကြိမ်တိုင် NCAA ချန်ပီယံနှင့် RAF 4 တွင် နပန်းယှဉ်ပြိုင်ရန် စီစဉ်ထား
ဘီလယ်လ် မိုဟာမက်ဒ် (Belal Muhammad) သည် ၂ ကြိမ်တိုင် NCAA ချန်ပီယံနှင့် RAF 4 တွင် နပန်းယှဉ်ပြိုင်ရန် စီစဉ်ထားဟောင်း UFC ဝယ်လ်တာဝိတ် ချန်ပီယံသည် RAF တွင် ပထမဆုံးအကြိမ် ယှဉ်ပြိုင်ရန် ရှိနေသည်။ ဘီလယ်လ်...
27 November 2025
ဘဝပြောင်းလဲသွားစေမယ့် စာချုပ်သစ်ကို လက်မှတ်ထိုးပြီးနောက် UFC Qatar မှာ Waldo Cortes-Acosta ပွဲကြမ်း!
ဘဝပြောင်းလဲသွားစေမယ့် စာချုပ်သစ်ကို လက်မှတ်ထိုးပြီးနောက် UFC Qatar မှာ Waldo Cortes-Acosta ပွဲကြမ်း! ဟဲဗီးဝိတ်တန်းကို ကျောနဲ့ထမ်းချင်ပါတယ်လို့ “Salsa Boy” က ကြွေးကြော် ၂၀၂၅ ရဲ့ ထွန်းတောက်လာတဲ့...
21 November 2025
UFC ကာတာ (UFC Qatar) ပွဲမတိုင်မီ Ilia Topuria နှင့် Paddy Pimblett တို တွေ့ဆုံ စကားအချေအတင် ပြောဆိုခဲ့ကြ
UFC ကာတာ (UFC Qatar) ပွဲမတိုင်မီ Ilia Topuria နှင့် Paddy Pimblett တို့ တွေ့ဆုံ စကားအချေအတင် ပြောဆိုခဲ့ကြ Ilia Topuria နဲ့ Paddy Pimblett တို့ကြားက မပြေလည်မှုဟာ သူတို့နှစ်ဦးစလုံးဟာ လာမယ့်ပွဲတွေအတွက်...
20 November 2025
UFC ပွဲစဉ်သစ်မှာ ထိပ်တိုက်တွေ့ဆုံကြမယ့် Modestas Bukauskas နဲ့ Nikita Krylov
Light Heavyweight တန်း ကစားသမားတွေဖြစ်တဲ့ Modestas Bukauskas နဲ့ Nikita Krylov တိုဟာ လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် UFC ပွဲစဉ်မှာ ယှဉ်ပြိုင်ထိုးသတ်သွားဖို ရှိနေပါတယ်။ ဒီပွဲစဉ်ဟာ...
19 November 2025
UFC 322 တွင် ဝယ်လ်တာဝိတ်ချန်ပီယံဖြစ်လာသည့် အစ္စလာမ်မက္ခချပ်၏ ခြေစွမ်းကို အာမန်ဆာရူကီယန် အံ့အားသင့်ချီးကျူး
ပြီးခဲ့သည့် UFC 322 ပြိုင်ပွဲတွင် အစ္စလာမ်မက္ခချပ် (Islam Makhachev) ပြသခဲ့သည့် စွမ်းဆောင်ရည်အပေါ် လိုက်ဝိတ်တန်း ထိပ်သီးဖိုက်တာ အာမန်ဆာရူကီယန် (Arman Tsarukyan) က အံ့အားသင့်ခဲ့ရပြီး ၎င်း၏ပြိုင်ဘက်ဟောင်းအပေါ်...