
မန်ယူနိုက်တက်အသင်းနည်းပြ အာမိုရင်မ်က အသင်းကစားသမားတွေကို ဈေးပေါပေါနဲ့ ရောင်းချမှာမဟုတ်ဘူးလို ပြောခဲ့ပါတယ်။
၎င်းအနေနဲ့ ပြိုင်ဘက်အသင်းတွေအဖို အသင်းက အလိုမရှိတော့တဲ့ ကစားသမားတွေကို အလွယ်တကူ ရရှိမှာမဟုတ်ကြောင်း သတိပေးခဲ့တာလည်းဖြစ်တယ်။
နွေရာသီကာလမှာ မန်ယူအသင်းကနေ အပြောင်းအရွှေ့သတင်းထွက်ခဲ့တဲ့ ကစားသမားတွေအနက် ရပ်ရှ်ဖိုဒ်ကတော့ ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့ပါပြီ။
ကနဦးအငှားနဲ့ ထွက်ခွာခဲ့တာဖြစ်ပြီး ယူရို ၃၅ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ရှိတဲ့ အချက်လည်းပါဝင်ပါတယ်။
ဂါနာချို၊ အန်တိုနီ၊ ဆန်ချိုနဲ့ မာလာစီယာတိုလည်း အသင်းကထွက်ခွာဖို ရာခိုင်နှုန်းများနေပါတယ်။
အန်တိုနီကိုတော့ ပြီးခဲ့တဲ့ရာသီက အငှားခေါ်ခဲ့တဲ့ ဘက်တစ်အသင်းက ပြန်လည်ခေါ်ယူဖို ဆန္ဒရှိနေပါတယ်။
ဆန်ချိုကို ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားနေပြီး ကစားသမားရဲ့ဆုံးဖြတ်ချက်အပေါ် မူတည်နေပါတယ်။
ဂါနာချိုကတော့ ကလပ်အသင်းအများအပြားရဲ့ ပစ်မှတ်ထားမှုကို ခံနေရတာဖြစ်ပါတယ်။









