• Home
  • Transfer News
  • ဥရောပထိပ်သီးကလပ်တွေ စိတ်ဝင်စားနေတဲ့ မာတေးတာကို ခရစ္စတယ်ပဲလေ့စ်အသင်း စျေးနှုန်းသတ်မှတ်

ဥရောပထိပ်သီးကလပ်တွေ စိတ်ဝင်စားနေတဲ့ မာတေးတာကို ခရစ္စတယ်ပဲလေ့စ်အသင်း စျေးနှုန်းသတ်မှတ်

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဥရောပထိပ်သီးအသင်းကြီးတွေ စိတ်ဝင်စားနေတဲ့ သူတိုတိုက်စစ်မှူး မာတေးတာကို ပေါင်သန်း (၃၀) စျေးနှုန်း သတ်မှတ်လိုက်တယ်လို သိရပါတယ်။

အသက် (၂၈) နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူး မာတေးတာဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ခြေစွမ်းပြခဲ့ပြီး ပြိုင်ပွဲစုံ (၄၆) ပွဲမှာ (၁၇) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၄) ကြိမ် ပြုလုပ်ခဲ့တာပါ။

ဒါကြောင့် အခုနွေရာသီမှာ သူ့ကို ခေါ်ယူဖို ပရီးမီးယားလိဂ်ထိပ်သီးတွေဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို စိတ်ဝင်စားနေသလို စီးရီးအေထိပ်သီးတွေဖြစ်တဲ့ ဂျူဗင်တပ်စ်နဲ့ အေစီမီလန်အသင်းတိုကလည်း ခေါ်ယူလိုနေတယ်လို သိရပါတယ်။

အဲဒီအနေအထားမှာ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း (၂) နှစ်သာ ကျန်ရှိတော့တဲ့ မာတေးတာကို ပေါင်သန်း (၃၀) ရရင် ရောင်းထုတ်မယ်လို စျေးနှုန်းသတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

လက်ရှိမှာ မာတေးတာကို ခေါ်ယူဖိုအတွက် မန်ချက်စတာယူနိုက်တက်အသင်းက ရေပန်းအစားဆုံးဖြစ်နေပြီး လီဗာပူးလ်အသင်းကတော့ အီဆက်ခ်၊ အီကီတိုက်တိုကို ခေါ်ယူဖို ကြိုးပမ်းမှု မအောင်မြင်မှသာ မာတေးတာကို ခေါ်ယူဖို စီစဉ်နေတာ ဖြစ်ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...