
၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာ ရရှိခဲ့ပါတယ်။
ပါလ်မာ(၂၃ နှစ်)ဟာ နောက်ဆုံးဗိုလ်လုပွဲမှာ (၂)ဂိုးသွင်း၊ (၁)ဂိုးဖန်တီးကာ ခြေစွမ်းပြခဲ့တာကြောင့် ဗိုလ်လုပွဲရဲ့ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သူလည်းဖြစ်ပါတယ်။
ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆု (ရွှေဘောလုံးဆု)ကို ပါလ်မာက ရရှိခဲ့ပြီး ငွေဘောလုံးဆုကို PSG ကစားသမား ဗီတင်ညာ၊ ကြေးဘောလုံးဆုကို ချယ်လ်ဆီးကစားသမား ကိုင်စီဒိုတို့ ရရှိခဲ့သလို၊ အကောင်းဆုံးလူငယ်ကစားသမားဆုကို PSG တိုက်စစ်ကစားသမား ဒူအေက ရရှိခဲ့ပါတယ်။
အကောင်းဆုံးဂိုးသမား(ရွှေလက်အိတ်)ဆုကို ချယ်လ်ဆီးဂိုးသမား ရောဘတ်ဆန်းချက်ဇ်က ရရှိခဲ့ပြီး ဂိုးသွင်းဘုရင်ဆုကို ရီးယဲလ်တိုက်စစ်မှူး ဂွန်ဇာလိုဂါစီယာက ရရှိခဲ့ပါတယ်။
အသန့်ရှင်းဆုံးအသင်းဆုကိုတော့ ဘိုင်ယန်မြူးနစ်အသင်းက ရရှိခဲ့ပါတယ်။
အကောင်းဆုံးကစားသမားဆုတွေနဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကို အာစင်ဝင်းဂါး ဦးဆောင်တဲ့ ဖီဖာရဲ့နည်းစနစ်လေ့လာရေးအဖွဲ့က ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။









