
FA Cup ချန်ပီယံ ခရစ္စတယ်ပဲလေ့စ်အသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲအစား ကွန်းဖရန့်လိဂ်ပြိုင်ပွဲသာ ယှဉ်ပြိုင်စေဖို့ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။
ပဲလေ့စ်အသင်းဟာ UEFAရဲ့ multi-club ownership စည်းမျဉ်းကို ချိုးဖောက်လို့ အခုလို တစ်ဆင့်နိမ့်တဲ့ပြိုင်ပွဲကိုသာ ယှဉ်ပြိုင်ရတာဖြစ်တယ်။
ပဲလေ့စ်အသင်းမှာ ရှယ်ယာပိုင်ဆိုင်တဲ့ ဂျွန်တက်တာဟာ ပြင်သစ်ကလပ် လိုင်ယွန်အသင်းရဲ့ ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပဲလေ့စ်အသင်းအစား ကွန်းဖရန့်လိဂ်ကို ယှဉ်ပြိုင်ခွင့်ရထားတဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ အစားထိုးခဲ့ပါတယ်။
UEFA က အခုဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ပဲလေ့စ်အသင်းကို နိုင်ငံတကာအားကစားခုံရုံးထံ အယူခံဝင်ခွင့် ပေးထားပါတယ်။
ပဲလေ့စ်အသင်းကလည်း အယူခံဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ပဲလေ့စ်အသင်းဥက္ကဋ္ဌ စတိဗ်ပါရစ်ရှ်က အခုဆုံးဖြတ်ချက်အပေါ် ဘောလုံးသမိုင်းမှာ အကြီးမားဆုံးမမျှတမှုလို့ ဝေဖန်ခဲ့ပါတယ်။









