• Home
  • Champions League Football
  • နောက်ခံလူ မခေါ်ယူပါက လီဗာပူးလ် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်နိုင်တယ်လို ကာရေဂါနဲ့ ရွိင်ကင်း သုံးသပ်

နောက်ခံလူ မခေါ်ယူပါက လီဗာပူးလ် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်နိုင်တယ်လို ကာရေဂါနဲ့ ရွိင်ကင်း သုံးသပ်

နောက်ခံလူ မခေါ်ယူပါက လီဗာပူးလ် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်နိုင်တယ်လို့ ကာရေဂါနဲ့ ရွိုင်ကင်း သုံးသပ်

လီဗာပူးလ်ကစားသမားဟောင်း ကာရေဂါနဲ့ မန်ယူကစားသမားဟောင်း ရွိုင်ကင်းတို့က လီဗာပူးလ်အသင်းအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ နောက်ခံလူတစ်ဦး မခေါ်ယူပါက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ရနိုင်ကြောင်း သုံးသပ်ခဲ့ကြပါတယ်။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံအသင်းဖြစ်ပေမဲ့ ဒီရာသီ ပွဲစဉ် ၁၁ အပြီးမှာ အဆင့် ၈ နေရာ ရောက်ရှိနေပါတယ်။

ပြီးခဲ့တဲ့ရာသီက တစ်ရာသီလုံး ပရီးမီးယားလိဂ်ရှုံးပွဲ လေးပွဲသာ ရှိခဲ့ပေမဲ့ ဒီရာသီမှာတော့ ရှုံးပွဲငါးပွဲ ရှိသွားခဲ့ပြီဖြစ်သလို၊ ပေးဂိုးကလည်း ၁၇ ဂိုးရှိခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးမပေးရတဲ့ပွဲ သုံးပွဲသာရှိခဲ့ပြီး ခံစစ်ပိုင်းမှာ အားနည်းချက်များရှိနေခဲ့ပါတယ်။

ကာရေဂါနဲ့ ရွိုင်ကင်းတို့က လီဗာပူးလ်အသင်း အခုလို ခံစစ်ပိုင်းမှာ ပြ ဿနာပေါ်နေတာဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ဂူဟီကို မခေါ်ယူနိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်းလည်း သုံးသပ်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ အင်္ဂလန်နောက်ခံလူ ဂူဟီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းက အစားထိုးဖို့ ကစားသမား မရရှိခဲ့တာကြောင့် ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Stick to Football အစီအစဉ်မှာ ကာရေဂါက ”ဒါဟာ ဆိုးရွားတဲ့ အမှားပါပဲ။ လီဗာပူးလ်က စျေးကွက်မှာ စမတ်ကျကျ လှုပ်ရှားနိုင်ခဲ့ပေမဲ့ ဒီအတွက် သူတို့ ပေးဆပ်ရနိုင်ပါတယ်။ ဇန်နဝါရီမှာ နောက်ခံလူတစ်ယောက် မခေါ်ယူနိုင်ဘူးဆိုရင် ….”လို့ ပြောကြားခဲ့ပါတယ်။

ရွိုင်ကင်းကလည်း ”ဂူဟီကို နွေရာသီမှာ မခေါ်ယူနိုင်ခဲ့ခြင်းအတွက် သူတို့ နောင်တရပါလိမ့်မယ်။ သူတို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲသွားနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...