• Home
  • Football News
  • တူရကီကြယ်ပွင့် ယီလ်ဒစ်ဇ်ကို ခေါ်ယူဖို အေးဂျင့် ဂျော့ချ်မန်ဒက်စ်နဲ့ အာဆင်နယ်အသင်း ဆွေးနွေးနေ

တူရကီကြယ်ပွင့် ယီလ်ဒစ်ဇ်ကို ခေါ်ယူဖို အေးဂျင့် ဂျော့ချ်မန်ဒက်စ်နဲ့ အာဆင်နယ်အသင်း ဆွေးနွေးနေ

တူရကီကြယ်ပွင့် ယီလ်ဒစ်ဇ်ကို ခေါ်ယူဖို့ အေးဂျင့် ဂျော့ချ်မန်ဒက်စ်နဲ့ အာဆင်နယ်အသင်း ဆွေးနွေးနေ

အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်စ်အသင်းက တူရကီကြယ်ပွင့်ကစားသမား ကီနန်ယီလ်ဒစ်ဇ်ကို ခေါ်ယူဖို့ အေးဂျင့် ဂျော့ချ်မန်ဒက်စ်နဲ့ စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း ဥရောပမီဒီယာတချို့က ဖော်ပြခဲ့ပါတယ်။

တိုက်စစ်ကစားသမား ယီလ်ဒစ်ဇ်(၂၀ နှစ်)ဟာ ဂျူဗင်တပ်စ်အသင်းမှာ ခြေစွမ်းပြနေတာကြောင့် ခေါ်ယူလိုတဲ့ ထိပ်သီးအသင်းများစွာရှိနေပြီး ဂျူဗင်တပ်စ်အသင်းကလည်း သက်တမ်းတိုးနိုင်ဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ယီလ်ဒစ်ဇ်ကို ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ ထိပ်သီးအသင်းတွေရဲ့ ပစ်မှတ်ကစားသမားဖြစ်နေတာကြောင့် သက်တမ်းတိုးဖို့ ကြိုးပမ်းနေခြင်းဖြစ်ပြီး ယီလ်ဒစ်ဇ်ကတော့ ဘောလုံးကိုသာ အာရုံစိုက်လိုတာကြောင့် စာချုပ်သစ်အတွက် ဆွေးနွေးလိုခြင်းမရှိသေးကြောင်း သိရပါတယ်။

ဒီအခြေအနေမှာ ချယ်လ်ဆီးအသင်းက ယီလ်ဒစ်ဇ်ကို ယူရိုသန်း(၇၀)နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေသလို၊ အာဆင်နယ်အသင်းကလည်း အေးဂျင့်ဖြစ်သူထံ ချဉ်းကပ်လာခြင်းဖြစ်ကြောင်း သိရပါတယ်။

ယီလ်ဒစ်ဇ်ကို လီဗာပူးလ်နဲ့ ရီးယဲလ်မက်ဒရစ်တို့ကလည်း စောင့်ကြည့်နေပြီး ယီလ်ဒစ်ဇ်အနေနဲ့ လာမယ့် ၂၀၂၆ ခုနှစ်မှာ အသင်းသစ်တစ်သင်းကို ရွေးချယ်ဖွယ်ရှိကြောင်း ထင်ကြေးပေးမှုတွေလည်း ထွက်ပေါ်နေပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...