• Home
  • Team News
  • အိုလံပီယာကော့စ်က ဂရိဆယ်ကျော်သက် မူဇာကီတစ်ကို ပရီးမီးယားလိဂ်(၃)သင်း အပြိုင်လိုက်နေ

အိုလံပီယာကော့စ်က ဂရိဆယ်ကျော်သက် မူဇာကီတစ်ကို ပရီးမီးယားလိဂ်(၃)သင်း အပြိုင်လိုက်နေ

ပရီးမီးယားလိဂ်ကလပ်အသင်း(၃)သင်းဖြစ်တဲ့ အာဆင်နယ်၊ မန်ယူနဲ့ အက်စတွန်ဗီလာအသင်းတိုဟာ အိုလံပီယာကော့စ်အသင်းက ဂရိလက်ရွေးစင် ဆယ်ကျော်သက်ကွင်းလယ်ကစားသမား မူဇာကီတစ်ကို အပြိုင်လိုက်နေကြကြောင်း သိရပါတယ်။

လာမယ့် ဒီဇင်ဘာမှာ အသက်(၁၉)နှစ်ပြည့်မယ့် မူဇာကီတစ်ဟာ ပြီးခဲ့တဲ့ရာသီမှာ အိုလံပီယာကော့စ်အသင်းကြီးအတွက် စတင်ကစားခွင့်ရခဲ့သလို၊ ၂၀၂၄ ခုနှစ်မှာ ဂရိလက်ရွေးစင်အသင်းအတွက် စတင်ကစားခွင့်ရခဲ့သူပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ရာသီမှာ ဂရိစူပါလိဂ်ရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်အသင်းတွေက ခေါ်ယူဖို စိတ်ဝင်စားနေတာဖြစ်ပြီး စီးရီးအေထိပ်သီး နာပိုလီကလည်း စောင့်ကြည့်နေကြောင်း သိရပါတယ်။

ခရိုအေးရှားဂန္ထဝင် မိုဒရစ်နဲ့ နှိင်းယှဉ်ခံရတဲ့ မူဇာကီတစ်ဟာ ၂၀၂၅ ခုနှစ် Golden Boy ဆုအတွက် ပရိသတ်တွေရဲ့ အွန်လိုင်းကပေးတဲ့ ဆန္ဒမဲအများဆုံးရရှိခဲ့တဲ့ ကစားသမားဖြစ်ကြောင်းလည်း သိရပါတယ်။

မူဇာကီတစ်ကို အိုလံပီယာကော့စ်အသင်းက ယူရိုသန်း(၃၀)ဝန်းကျင်နဲ့ ရောင်းထုတ်ဖွယ်ရှိကြောင်းလည်း သိရပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...