
မန်ယူအသင်းက သာမန်အသင်းဖြစ်နေပြီလား
Short-term boost ဆိုတဲ့စကားလုံးက အတော်လေး ကြောက်စရာကောင်းတယ်။ ရေတိုကုစားမှုလို့ မြန်မာမှုပြုနိုင်ပါတယ်။ မန်ယူအသင်းက အဲဒီလိုရေတိုကုစားမှများပြီး မန်ယူကနေ နလံမထူဖြစ်နေတာကြာပြီ။
နည်းပြပြောင်းလဲတာ short-term boost ဖြစ်ပြီး မန်ယူအတွက် အသင်းဖွဲ့စည်းမှုပြန်တည်ဆောက်တာ၊ မန်ယူ DNA ပြန်လည်ပြုစုပျိုးထောင်တာကပိုအရေးကြီးပါတယ်။ ကစားသမားတစ်ဦးချင်းစွမ်းဆောင်ကောင်းတချို့ရှိပေမယ့် အစုအဖွဲ့လိုက်သန်မာလာအောင်
နည်းပြရဲ့management နဲ့ training system က သိပ်ပြီးအရေးကြီးတယ်။’
မန်ယူက အသင်းတစ်သင်းအတွက်အရေးကြီးဆုံးအချက် တွေဖြစ်တဲ့ နည်းပြ၊ ကစားသမား၊ အသင်းစည်းလုံးမှု အကုန်လုံးဖရိုဖရဲဖြစ်ခဲ့တာပါ။ အရင်ခေတ်က ဖာဂီလို နည်းပြကောင်းဉှီးဆောင်ပြီး ကစားသမားတွေက တသွေးတသံတမိန့် လိုက်နာလို့ အသင်းလိုက်စုစည်းမှု သိပ်ပြီးကောင်းမွန်တယ်။ မန်ယူရဲ့DNA ကို ခံစားခွင့်ရခဲ့တယ်။ မန်ယူပရိသတ်တွေရဲ့လွမ်းမောဖွယ်ရာ အရင်ခေတ်ပါပဲ။
ဆုဖလားယဉ်ကျေးမှုနဲ့နီးစပ်တဲ့ ကစားသမားတွေပိုင်ဆိုင်ထားတာဟာ သိပ်ပြီးအကျိုးရှိတယ်။ ရီးယဲလ်က ချန်ပီယံလိဂ်ဘုရင် ဖြစ်ခဲ့တာဟာ ချန်ပီယံလိဂ်အောင်ပွဲ အရသာခံစားဖူးသူတွေ၊ ချန်ပီယံလိဂ်ဖလားရအောင် ဘယ်လိုယူမလဲသိနားလည်ထားတဲ့ကစားသမားတွေနဲ့ စုဖွဲ့ထားလို့ပါ။ ချန်ပီယံစိတ်ဓာတ်ဆိုတာ ချန်ပီယံဖလားမရဖူးသူတွေဆီမှာမရှိပါဘူး။ လက်ရှိမန်ယူမှာ ပရီးမီးယားလိဂ်ဖလားရဖူးသူတစ်ယောက်မှမရှိလို့ ချန်ပီယံစိတ်ဓာတ်
မရှိတာမဆန်းဘူး။
ဖာဂီနောက်ပိုင်းကတည်းက မန်ယူမှာနည်းပြအများအပြားပြောင်းလဲခဲ့ပြီး တည်ငြိမ်မှုမရှိတော့တာက အသင်းစွမ်းဆောင်ရည်ကိုထိခိုက်တယ်။ အသင်းဖွဲ့စည်းမှုမတည်မြဲတာ၊ အသင်းမှာကစားသမားအသစ်တွေဝယ်ယူတာများပြီး တစ်ဦးချင်းစွမ်းဆောင်ရည်မညီတာကြောင့် အောင်မြင်မှုမရရှိနိုင်ဘူး။
နည်းပြ အာမိုရင်မ် ရဲ့စွမ်းဆောင်ရည်က စပို့တင်းလစ္စဘွန်းမှာအောင်မြင်ခဲ့သူဖြစ်ပေမယ့် မန်ယူမှာ ဒုတိယတန်းစားပါ။
အာမိုရင်မ် ရဲ့အနေအထားက အချိန်အနည်းငယ်ဘေးကင်းနေသေးပေမယ့် အချိန်မရွေးထုတ်ပယ်ခံရနိုင်တယ်။









