ဂွာဒီယိုလာ၊ မန်စီးတီးတစ်ခေတ်နဲ့နည်းပြလောကရဲ့ GOAT

ဂွာဒီယိုလာ၊ မန်စီးတီးတစ်ခေတ်နဲ့ နည်းပြလောကရဲ့ GOAT

ဂွာဒီယိုလာက သူ့ကိုယ်သူ ဆာအဲလက်စ်ဖာဂူဆန်နဲ့ ခိုင်းနှိုင်းလိုက်တယ်။ တစ်ချိန်တုန်းက ပရီးမီးယားလိဂ်ကို သက်ဦးဆံပိုင်ဘုရင်တစ်ပါးလို အုပ်စိုးခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန်နဲ့ မန်ချက်စတာယူနိုက်တက်ဘ၀မျိုး သူတို့စံမြန်းခွင့် ရနေပြီလို့ ဂွာဒီယိုလာ ခိုင်မာစွာ ယုံကြည်နေတာပါပဲ။

မန်ချက်စတာရဲ့ အနီရောင်တစ်ခေတ်ကနေ မန်ချက်စတာရဲ့ မိုးပြာရောင်တစ်ခေတ်ဆီ ရွေ့လျားခဲ့ပုံဟာ ဒရမ်မာသိပ်ဆန်ပါတယ်။

အဂွဲရိုးရဲ့၂၀၁၁ ခုနှစ်က နောက်ကျသွင်းဂိုးဟာ မန်ချက်စတာမြို့ရဲ့ ဇာတ်ညွှန်းအပြောင်းအလဲ အတွက် သိပ်ပြီးအရေးပါတဲ့ နောက်ဆုံးပြကွက်ပဲ။ ဇာတ်လမ်းတွဲတစ်ခုရဲ့ Season တစ်ခုကနေ Season တစ်ခုဆီ အကူးအပြောင်းမှာ ကြည့်ရှုသူပရိသတ် ရင်တမမဖြစ်အောင် မျှော်တလင့်လင့်ဖြစ်အောင် ဖမ်းစားလိုက်တာနဲ့ ဆင်တူတယ်။ အဂွဲရိုးက အနာဂတ်ပရီးမီးယားလိဂ် Season မှာ မန်စီးတီးဟာ အဓိကဇာတ်ကောင်တွေဖြစ်ကြောင်း နိမိတ်ဖတ်ခဲ့တာပါပဲ။

မန်စီးတီးက ပရီးမီးယားလိဂ်ရဲ့ ဒုတိယအအောင်မြင်ဆုံးအသင်းဖြစ်လာခဲ့ပြီးပြီ။ ဖလားသုံးလုံးအောင်ပွဲ ပိုင်ရှင်ဖြစ်လာခဲ့ပြီးပြီ။
လေးရာသီဆက်ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာခဲ့ပြီးပြီ။ ဖီဖာကလပ်ကမ္ဘာ့ဖလားကို နမ်းရှိုက်ခွင့်ရပြီးပြီ။

မြို့ခံပြိုင်ဘက်မန်ချက်စတာယူနိုက်တက်ကို ဒဏ္ဍာရီထဲ ထားခဲ့ပြီး မန်ချက်စတာရဲ့ အရှင်သခင်အဖြစ်
မော်ကြွားနေပါတယ်။

တကယ်ဆိုရင် ဂွာဒီယိုလာက ဆာအဲလက်စ်ဖာဂူဆန်ထက် ဂန္ထဝင်ပိုဆန်သူပါ။ ဂွာဒီယိုလာကို GOAT အဖြစ် သတ်မှတ်ရတာ
ဆုဖလားအောင်ပွဲတွေကြောင့်ပဲ မဟုတ်ဘူး။

သူဟာ ဘောလုံးလောကရဲ့ ချေဂွေးဗားရားဖြစ်နေလို့ပဲ။ ဂွာဒီယိုလာရဲ့ နည်းဗျူဟာနဲ့ အတွေးအခေါ် တော်လှန်ရေးဟာ
ခေတ်ပေါ် ဘောလုံးလောကကို အများကြီးပြောင်းစေခဲ့တယ်

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...