• Home
  • Football News
  • မန်ယူအသင်းကို တရားစွဲထားတဲ့ တွမ်ဇီဘီရဲ့ အမှုမှာ အသေးစိတ်အချက်အလက်အသစ်များ ထွက်ပေါ်လာ

မန်ယူအသင်းကို တရားစွဲထားတဲ့ တွမ်ဇီဘီရဲ့ အမှုမှာ အသေးစိတ်အချက်အလက်အသစ်များ ထွက်ပေါ်လာ

မန်ယူအသင်းကို တရားစွဲထားတဲ့ တွမ်ဇီဘီရဲ့ အမှုမှာ အသေးစိတ်အချက်အလက်အသစ်များ ထွက်ပေါ်လာ

မန်ယူအသင်းကို နစ်နာကြေး ပေါင်တစ်သန်းကျော် ရရှိလိုမှုနဲ့ တရားစွဲဆိုထားတဲ့ ကစားသမားဟောင်း တွမ်ဇီဘီရဲ့အမှုမှာ အသေးစိတ်အချက်အလက်အသစ်များ ထပ်မံထွက်ပေါ်လာကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဘန်လေအသင်းရဲ့ ကစားသမားဖြစ်နေတဲ့ DR ကွန်ဂိုနောက်ခံလူ တွမ်ဇီဘီဟာ မန်ယူအသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး မန်ယူအသင်းမှာတော့ ပြိုင်ပွဲစုံ (၃၇)ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။

တွမ်ဇီဘီဟာ မန်ယူကစားသမားဘဝ နောက်ဆုံးနှစ်ဖြစ်တဲ့ ၂၀၂၂ ခုနှစ်မှာ ဒဏ်ရာပြဿနာကြောင့် (၁၉၅)ရက်ကြာ အနားယူခဲ့ရပြီး အဲဒီလို ဆိုးရွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာဟာ မန်ယူအသင်းရဲ့ ဆေးဘက်ဆိုင်ရာ အကြံပေးမှုမှာ ပေါ့ဆခဲ့တာကြောင့်လို့ ယူဆခဲ့ပါတယ်။

ဒါကြောင့် သူ့ရဲ့ ကစားသမားဘဝတက်လမ်းနဲ့ ဝင်ငွေအပေါ် ထိခိုက်မှုရှိစေခဲ့တဲ့အတွက် နစ်နာကြေး ပေါင်တစ်သန်းကျော်(ဒေါ်လာ ၁.၃ သန်း)ပေးအပ်ဖို့ ၂၀၂၅ ဇူလိုင်လမှာ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အခု အထက်တရားရုံးမှာ ထွက်ပေါ်လာတဲ့ အသေးစိတ်အချက်အလက်အသစ်တွေအရ တွမ်ဇီဘီရဲ့ ဒဏ်ရာဟာ ၂၀၂၀ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဒဏ်ရာအပေါ်မှာ အခြေခံခြင်းဖြစ်ပြီး မန်ယူအသင်းက လုံလောက်တဲ့ အနားယူချိန်မပေးခဲ့တာ၊ ခွဲစိတ်အထူးကုနဲ့ ပြသဖို့ ပျက်ကွက်ခဲ့တာတွေကြောင့်ဖြစ်ကြောင်း သိရပါတယ်။

တွမ်ဇီဘီ(၂၇ နှစ်)ဟာ မန်ယူအသင်းအတွက် အနာဂတ်ကြယ်ပွင့်ဖြစ်လာမယ့်သူအဖြစ် ထင်ကြေးပေးခံခဲ့ရဖူးပေမဲ့ အငှားချခံရခြင်းနဲ့သာ အများဆုံးအချိန်ကုန်ခဲ့ရပြီး ၂၀၂၃ နွေရာသီမှာ လမ်းခွဲခဲ့ရပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...