
UFC Lightweight တန်းမှ Ismael Bonfim သည် သတ်မှတ်ဝိတ်ထက် ၅ ပေါင်အထိ လွန်ခဲ့တာကြောင့် ၎င်းရဲ့ ပိုက်ဆံ (purse) ၂၅ ရာခိုင်နှုန်းကို ပေးလျော်ရမှာဖြစ်ပါတယ်။
Las Vegas, NV – UFC Vegas 111 ပြိုင်ပွဲဟာ Bonfim ညီအစ်ကိုတွေအတွက် အရေးပါတဲ့ ညတစ်ညဖြစ်လာနိုင်ပေမယ့်၊ အစ်ကိုဖြစ်သူ Ismael Bonfim ကတော့ ပွဲမတိုင်ခင်ကတည်းက အမှားတစ်ခုနဲ့ စတင်လိုက်တာ ဖြစ်ပါတယ်
သောကြာနေ့က ပြုလုပ်ခဲ့တဲ့ တရားဝင် ဝိတ်ချိန်ပွဲတွေမှာ Ismael Bonfim ဟာ ပေါင် ၅ ပေါင် အထိ သိသိသာသာကို ဝိတ်လွန်ခဲ့တာ တွေ့ရပါတယ်။ အစ်ကိုဖြစ်သူ Bonfim ဟာ ပေါင် ၁၆၁ မှာ တရားဝင် မှတ်ပုံတင်ခဲ့ပြီး၊ ခေါင်းစဉ်လုပွဲ မဟုတ်တာကြောင့် ပေးထားတဲ့ ၁ ပေါင် သက်ညှာခွင့်ကို ထည့်တွက်ရင်တောင် Lightweight တန်းရဲ့ အမြင့်ဆုံး ကန့်သတ်ချက်ထက် များစွာ ကျော်လွန်နေတာ ဖြစ်ပါတယ်။
ဝိတ်ချော်မှုကြောင့် Ismael Bonfim ဟာ UFC သက်တမ်းအတွင်းမှာ ဒုတိယအကြိမ် ဝိတ်မမီတာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက UFC Sao Paulo မှာ Vinc Pichel နဲ့ ထိုးမယ့်ပွဲမှာလည်း ၃.၅ ပေါင် လွန်ကဲခဲ့ဖူးပြီး၊ အဲဒီတုန်းက Pichel က ပွဲကို လက်မခံဘဲ ပယ်ဖျက်ခဲ့ဖူးပါတယ်လို သိရပါတယ်။
ဒီတစ်ကြိမ်မှာတော့ Bonfim ရဲ့ ပြိုင်ဘက်ဖြစ်သူ Chris Padilla ဟာ ပေါင် ၁၅၅ နဲ့ အောင်မြင်စွာ ဝိတ်မီခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ UFC က အတည်ပြုတာကတော့ Bonfim vs. Padilla ပွဲကို Catchweight အနေနဲ့ ဆက်လက်ကျင်းပမှာဖြစ်ပြီး၊ Ismael Bonfim က သူ့ရဲ့ ပိုက်ဆံ (purse) ရဲ့ ၂၅ ရာခိုင်နှုန်းကို ပြစ်ဒဏ်အနေနဲ့ ပေးလျော်ရမှာ ဖြစ်ပါတယ်။






