• Home
  • Football News
  • ဘရိုက်တန်နဲ့ပွဲကို ဆာလီဘာနဲ့ မာတင်နယ်လီ လွဲချော်မယ်လို အာတေတာ အတည်ပြုခဲ့ပြီး ပွဲထွက်စာရင်းကို အပြောင်းအလဲများစွာ ပြုလုပ်ဖွယ်ရှိ

ဘရိုက်တန်နဲ့ပွဲကို ဆာလီဘာနဲ့ မာတင်နယ်လီ လွဲချော်မယ်လို အာတေတာ အတည်ပြုခဲ့ပြီး ပွဲထွက်စာရင်းကို အပြောင်းအလဲများစွာ ပြုလုပ်ဖွယ်ရှိ

ဘရိုက်တန်နဲ့ပွဲကို ဆာလီဘာနဲ့ မာတင်နယ်လီ လွဲချော်မယ်လို့ အာတေတာ အတည်ပြုခဲ့ပြီး ပွဲထွက်စာရင်းကို အပြောင်းအလဲများစွာ ပြုလုပ်ဖွယ်ရှိ

အာဆင်နယ်အသင်းရဲ့နည်းပြ အာတေတာက ဒီနေ့ည ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် လိဂ်ဖလားစတုတ္ထအဆင့်ပွဲစဉ်ကို ပြင်သစ်နောက်ခံလူ ဆာလီဘာနဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား မာတင်နယ်လီတို့ လွဲချော်မယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

ဒီကစားသမားနှစ်ဦးဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး လာမယ့် ဝက်စ်ဟမ်းနဲ့ပွဲမှာမှ ပြန်ကစားနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။

အာတေတာက ဒက်ကလန်ရိုက်စ်၊ ဆာကာနဲ့ ကာလာဖီအိုရီတို့ကတော့ ဘရိုက်တန်နဲ့ပွဲမှာ ပါဝင်ကစားဖို့ အသင့်ဖြစ်နေကြောင်း ပြောကြားခဲ့ပေမဲ့ ပွဲထွက်စာရင်းကို အပြောင်းအလဲများစွာ ပြုလုပ်ဖွယ်ရှိနေကြောင်း ထင်ကြေးပေးမှုတွေ ရှိနေပါတယ်။

အသင်းအနေနဲ့ ပြိုင်ပွဲမျိုးစုံ ဆက်တိုက်ယှဉ်ပြိုင်နေရတာကြောင့် အာတေတာက အဓိကကစားသမားတွေကို အနားပေးပြီး အရန်ကစားသမားတွေကို အသုံးပြုဖွယ်ရှိကြောင်း ထင်ကြေးပေးနေကြတာပါ။

ဒါကြောင့် ဂိုးသမား ကယ်ပါနဲ့အတူ ခံစစ်မှာ ဘင်ဝှိုက်၊ မော့စ်ကွယ်ရာ၊ စကယ်လေ၊ ဟင်ကာပီတို့ ပွဲထွက်ကစားခွင့်ရနိုင်ဖွယ်ရှိကြောင်းနဲ့ တိုက်စစ်မှာ ယိုကယ်ရက်စ်အစား မယ်ရီနိုကို အသုံးပြုဖွယ်ရှိကြောင်း၊ ဆယ်ကျော်သက်ကစားသမား မက်စ်ဒေါင်းနင်းလည်း အရန်စာရင်းမှာ ပါဝင်လာနိုင်ကြောင်း လန်ဒန်အခြေစိုက်မီဒီယာတွေက သုံးသပ်ဖော်ပြခဲ့ကြပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...