
အမ်ဘူမိုကို အခုရာသီရဲ့ အကောင်းဆုံးခေါ်ယူမှုလို့ ရွန်နီ ချီးကျူး
မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက အသင်းတိုက်စစ်ကစားသမား အမ်ဘူမိုဟာ အခုရာသီရဲ့အကောင်းဆုံးခေါ်ယူမှုလို့ ချီးကျူးခဲ့ပါတယ်။
အမ်ဘူမိုဟာ မန်ယူနိုက်တက်အသင်းကို အမှတ်ပေးပွဲ သုံးပွဲဆက် အနိုင်ရစေတဲ့ ဘရိုက်တန်ကို ၄-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုး သွင်းပေးခဲ့ပါတယ်။
၎င်းဟာ ပရီးမီးယားလိဂ် ကိုးပွဲမှာ လေးဂိုး သွင်းထားပြီး နောက်ဆုံးနှစ်ပွဲမှာ သုံးဂိုး သွင်းခဲ့ပါတယ်။
”အမ်ဘူမိုဟာ သူ့ရဲ့စွမ်းရည်နဲ့ပတ်သက်ပြီး တစ်သမတ်တည်း ရှိပါတယ်။ ဒါက အဓိကအရာပဲလို့ ကျွန်တော် ယူဆပါတယ်။ မှန်ကန်တဲ့ အနေအထားတွေမှာ တစ်သမတ်တည်းရှိရင် အခွင့်အရေးတွေရပြီး ဂိုးသွင်းနိုင်ပါလိမ့်မယ်။ တိုက်စစ်ကစားသမားတစ်ဦး
အနေနဲ့ ဂိုးတွေသွင်းရင်း ဂိုးတွေသွင်းရတာ ပိုပျော်လာပါတယ်။ ဒီခံစားမှုကို ဆက်လက်ထိန်းသိမ်းထားရပါမယ်”လို့ ရွန်နီက မှတ်ချက်ပြုခဲ့ပါတယ်။
အမ်ဘူမို(၂၆ နှစ်)ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ၃၈ ပွဲမှာ ဂိုး ၂၀ သွင်းယူခဲ့ပါတယ်။
မန်ယူပရိသတ်တွေက အခုရာသီမှာ ဒီအရေအတွက်အထိ ထပ်မံသွင်းယူနိုင်ဦးမယ်လို့ မျှော်လင့်နေကြပါတယ်။









