
ရီးယဲလ်နောက်ခံလူ ကာဗာဟယ်လ် နောက်ထပ် ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူရမယ်
ရီးယဲလ်မက်ဒရစ်နောက်ခံလူ ကာဗာဟယ်လ်ဟာ နောက်ထပ်ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူရမယ်လို့ သိရပါတယ်။
ရီးယဲလ်အသင်းကလည်း ကာဗာဟယ်လ်ရဲ့ ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်တယ်လို့ အတည်ပြုခဲ့ပါတယ်။
၎င်းဟာ El Clasico ပွဲမှာ ဒဏ်ရာရခဲ့လို့ ၇၂ မိနစ်မှာ လူစားလဲခံရပြီး တနင်္လာနေ့က စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကာဗာဟယ်လ်ဟာ စက်တင်ဘာ ၂၇ ရက်က မက်ဒရစ်ဒါဘီပွဲမှာ ခြေသလုံးကြွက်သားဒဏ်ရာ ရခဲ့ပြီးနောက် အခု El Clasico ပွဲမှ ပထမဆုံး ပြန်လည်ကစားတာပါ။
ရီးယဲလ်အသင်းကတော့ ကာဗာဟယ်လ် ဘယ်လောက်အနားယူရမယ်ဆိုတာကိုတော့ သတင်းမထုတ်ပြန်ခဲ့ပါဘူး။
ဒါပေမဲ့ သတင်းရင်းမြစ်တွေကတော့ ကာဗာဟယ်လ်အနေနဲ့ လာမယ့်နှစ်စမှ ဘောလုံးပြန်ကစားနိုင်မယ်လို့ ESPN ကို ပြောခဲ့ပတယ်။









