ဘောလုံးမှာ ဘာမှမသေချာကြောင်း အာမိုရင်မ် ပြောကြား

မန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က ဘောလုံးမှာ ဘာမှမသေချာကြောင်း ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်နဲ့ အန်ဖီးလ်မှာ ပွဲ ၁၀၀ မြောက်တွေ့ဆုံပွဲပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာမိုရင်မ်က
အခုလို ပြောခဲ့တာပါ။

ပြီးခဲ့တဲ့အပတ်က The Times နဲ့ အင်တာဗျူးမှာ အသင်းပူတွဲပိုင်ရှင် ရက်ကလစ်ဖ်က အာမိုရင်မ်ကို မန်ယူနိုက်တက်အသင်းမှာ သုံးနှစ်ကြာဆက်ရှိမယ်လို ဖွင့်ဟခဲ့ပါတယ်။

ဖိအားဒဏ်တွေနဲ့ နည်းပြရာထူးအတွက် မသေချာတော့တဲ့ သတင်းတွေ အဆက်မပြတ်ထွက်နေချိန်မှာ ရက်ကလစ်ဖ်ရဲ့စကားကို အာမိုရင်မ်ကို အာမခံချက်ပေးခဲ့ပါတယ်။

အာမိုရင်မ်က ”ဒီစကားကြားရတာ တကယ်ကောင်းပါတယ်။ ဒါပေမဲ့ ဒီစကားကို သူက ကျွန်တော့်ကို အချိန်တိုင်း ပြောနေတာပါ။ တစ်ခါတစ်ရံမှာတော့ပွဲတွေပြီးရင် မက်ဆေ့ချ်ပိုတယ်။ ဒါပေမဲ့ဘောလုံးဟာ ဒီလိုမဟုတ်ဘူးဆိုတာ သူလည်း
သိတယ်၊ ကျွန်တော်လည်းသိတယ်၊ ခင်ဗျားလည်းသိပါတယ်။ အရေးအကြီးဆုံးအရာက နောက်ထပ်ကစားမယ့်ပွဲပါပဲ။ အသင်းပိုင်ရှင်တွေတောင် ဘောလုံးမှာ နောက်တစ်ရက်ကို မထိန်းချုပ်နိုင်ပါဘူး”လို ပြောခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ အာမိုရင်မ်လက်ထက် ပရီးမီးယားလိဂ် ၃၄ ပွဲမှာ ၁၀ ပွဲသာ အနိုင်ရခဲ့ပါတယ်။

ဒါ့အပြင် အခုချိန်အထိ သူတာဝန်ယူစဉ်အတွင်း အမှတ်ပေးပွဲ နှစ်ပွဲဆက်တိုက် အနိုင်မရခဲ့ပါဘူး။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...