• Home
  • Football News
  • Premier League
  • ပရီးမီးယားလိဂ်ရဲ့ ထုတ်ပယ်ခံရမယ့် နည်းပြရေပန်းစားမှုမှာ ပိုစတီကိုဂလူး ထိပ်ဆုံးရောက်လာ

ပရီးမီးယားလိဂ်ရဲ့ ထုတ်ပယ်ခံရမယ့် နည်းပြရေပန်းစားမှုမှာ ပိုစတီကိုဂလူး ထိပ်ဆုံးရောက်လာ

ပရီးမီးယားလိဂ် ပွဲစဉ်-၇ အပြီး ထုတ်ပယ်ခံရမယ့် နည်းပြရေပန်းစားမှုမှာ နော်တင်ဟမ်ဖောရက်စ်အသင်းနည်းပြ ပိုစတီကိုဂလူးက ထိပ်ဆုံးရောက်လာခဲ့ပါတယ်။

စပါးနည်းပြဟောင်း ပိုစတီကိုဂလူးဟာ မကြာသေးခင်ကမှ နော်တင်ဟမ်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး သူကိုင်တွယ်တဲ့ ခုနစ်ပွဲစလုံး နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။

ပိုစတီကိုဂလူးလက်ထက်ကစားတဲ့ နော်တင်ဟမ်အသင်းရဲ့ ခုနစ်ပွဲမှာ နှစ်ပွဲသာ သရေကျပြီး ငါးပွဲ ရှုးနိမ့်ခဲ့ပါတယ်။

ပွဲစဉ်-၆ အပြီးမှာ မန်ယူနိုက်တက်နည်းပြ အာမိုရင်မ် ထိပ်ဆုံးရောက်လာခဲ့ပေမဲ့ အခု သူ့နေရာကို ပိုစတီကိုဂလူးက အစားထိုးဝင်ယူခဲ့တာဖြစ်တယ်။

နော်တင်ဟမ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၁၇ နေရာ ရောက်နေပြီး အဆင့် ၁၈၊ ၁၉ ကအသင်းတွေနဲ့လည်း တစ်မှတ်သာ ကွာဟပါတယ်။

ဒါ့အပြင် နိုင်ငံတကာရက်သတ္တပတ်အပြီး ချယ်လ်ဆီး၊ ပေါ်တို၊ ဘုန်းမောက်အသင်းတွေနဲ့ ပွဲကျပ်ဆက်တိုက်ကစားရဖို ရှိပါတယ်။

နော်တင်ဟမ်အသင်းဟာ ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗားကို ကာလရှည်ပစ်မှတ်ထားခဲ့ပေမဲ့ ရာသီကုန်အထိ စာချုပ်သက်တမ်းရှိနေလို အခုရာသီအတွင်း ခေါ်ယူဖိုက ခက်ခဲပါလိမ့်မယ်။

ဒါ့အပြင် လီဗာပူးလ်နဲ့ ချယ်လ်ဆီးနည်းပြဟောင်း ဘင်နီတက်ဇ်နဲ့လည်း သတင်းတွေ ထွက်နေပါတယ်။

ဘင်နီတက်ဇ်ဟာ ၂၀၂၂ ဇန်နဝါရီလမှာ အဲဗာတန်အသင်းနဲ့ လမ်းခွဲပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေပြီး လက်ရှိမှာ UEFA နည်းစနစ်အကြံပေးအဖြစ် ဆောင်ရွက်နေပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...