• Home
  • Football News
  • Premier League
  • ချယ်လ်ဆီးအသင်းရဲ့ ဂန္ထဝင်တစ်ဦးဖြစ်ချင်တယ်လို ကိုင်စီဒို ပြောကြား

ချယ်လ်ဆီးအသင်းရဲ့ ဂန္ထဝင်တစ်ဦးဖြစ်ချင်တယ်လို ကိုင်စီဒို ပြောကြား

အီကွေဒေါကွင်းလယ်ကစားသမား ကိုင်စီဒိုက ချယ်လ်ဆီးအသင်းရဲ့ ဂန္ထဝင်တစ်ဦး ဖြစ်ချင်တယ်လို ပြောကြားခဲ့ပါတယ်။

ကိုင်စီဒိုဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ပွဲတိုင်း ပွဲချိန်ပြည့်ပါဝင်ကစားကာ ခြေစွမ်းပြနေပြီး ကစားသမားဟောင်းတွေဖြစ်တဲ့ ကွန်တေ၊ မက်ခီလီလီတိုနဲ့ နှိင်းယှဉ်ချီးကျူးခြင်းခံနေရပါတယ်။

ကိုင်စီဒိုဟာ ၂၀၂၃ နွေရာသီမှာ ဘရိုက်တန်ကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့ကြေးပေါင်(၁၀၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အစောပိုင်းမှာ ခြေစွမ်းမပြနိုင်တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ ပြီးခဲ့တဲ့ရာသီမှာတော့ ချယ်လ်ဆီးအသင်းရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ဒီရာသီမှာလည်း ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်(၇)ပွဲမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု (၃)ကြိမ်ရရှိပြီး အများဆုံးရရှိသူအဖြစ် ရပ်တည်နေပါတယ်။

ဒါကြောင့် မက်ခီလီလီ၊ ကွန်တေတိုနဲ့ နှိင်းယှဉ်မှုအပေါ် ကိုင်စီဒိုက ”ပရိသတ်တွေ ကျွန်တော့်ကို ချစ်ကြတာ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ကွန်တေ ဒါမှမဟုတ် မက်ခီလီလီနဲ့ ကျွန်တော်က အဝေးကြီးပါပဲ။ သူတို ဒီမှာ လုပ်ဆောင်ခဲ့တာ အများကြီးပါ။ ကျွန်တော် ကြိုးစားရဦးမှာပါ။ ကျွန်တော် ဒီအသင်းမှာ ဂန္ထဝင်တစ်ဦး ဖြစ်ချင်ပါတယ်” လို ပြောကြားခဲ့ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...