
ရီးယဲလ်တိုက်စစ်မှူး အမ်ဘာပေ ခြေချင်းဝတ်ဒဏ်ရာ ရရှိ
ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေဟာ ဗီလာရီးယဲလ်အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အမ်ဘာပေအနေနဲ့ ရီးယဲလ်အတွက် တတိယမြောက်ဂိုး သွင်းပြီး နှစ်မိနစ်အကြာ ၈၃ မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။
အမ်ဘာပေရဲ့ခြေချင်းဝတ်ကို စမ်းသပ်စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။
၎င်းဟာ အခုရာသီအစမှာ ဂိုးသွင်းခြေစွမ်းပြနေပြီး ကလပ်နဲ့ နိုင်ငံပွဲ ၉ ပွဲဆက်တိုက် ဂိုးသွင်းယူထားပါတယ်။
ဒါ့အပြင် အခုရာသီ ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၁၄ ဂိုး သွင်းယူထားတာပါ။
ရီးယဲလ်အသင်းနည်းပြ အလွန်ဆိုက အမ်ဘာပေအနေနဲ့ နိုင်ငံပွဲ သွားကစား၊ မကစားကို သူ့အနေနဲ့ မပြောနိုင်သေးလို့သာ ဖွင့်ဟခဲ့ပါတယ်။









