
ကမ္ဘာ့ဘောလုံးအဖွဲချုပ်(FIFA)က လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုမယ့် ဘောလုံးကို မိတ်ဆက်ပြသခဲ့ပါတယ်။
Trionda လို အမည်ပေးထားတဲ့ ဒီဘောလုံးကို Adidas က ထုတ်လုပ်ထားတာဖြစ်ပြီး FIFA အနေနဲ့ Adidas ရဲ့ဘောလုံးကို ကမ္ဘာ့ဖလားပြိုင်ပွဲ (၁၅)ကြိမ်ဆက် အသုံးပြုခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
ကမ္ဘာ့ဖလားဘောလုံးအသစ်မှာ အမေရိကန်နိုင်ငံကို ကိုယ်စားပြုတဲ့ အပြာရောင်ကြယ်ပွင့်၊ ကနေဒါနိုင်ငံကို ကိုယ်စားပြုတဲ့ အနီရောင်မေပယ်လ်ရွက်၊ မက္ကဆီကိုနိုင်ငံကို ကိုယ်စားပြုတဲ့ အစိမ်းရောင်လင်းယုန်ငှက်တွေ ထည့်သွင်းဖန်တီးထားကြောင်း သိရပါတယ်။
ဒါ့အပြင် ဒီဘောလုံးမှာ လူကျွံဘောနဲ့ လက်ထိဘောတွေကို အမြန်ဆုံးအဆုံးအဖြတ်ပေးနိုင်မယ့် နည်းပညာ ထည့်သွင်းဖန်တီးထားကြောင်းလည်း သိရပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၃၀ ခုနှစ်မှာ စတင်ကျင်းပခဲ့ပြီး Adidas က ထုတ်လုပ်တဲ့ ဘောလုံးတွေကို ၁၉၇၀ ပြိုင်ပွဲကတည်းက တောက်လျှောက်အသုံးပြုလာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။









