• Home
  • Football News
  • Premier League
  • ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ရှုးပွဲမရှိစံချိန် (၁၉)ပွဲအထိ ရောက်ရှိလာ

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ရှုးပွဲမရှိစံချိန် (၁၉)ပွဲအထိ ရောက်ရှိလာ

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကွန်းဖရန့်လိဂ်ပွဲမှာ ဒိုင်နမိုကိဗ်အသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ပြိုင်ပွဲစုံရှုးပွဲမရှိတာ (၁၉)ပွဲအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဧပြီလတုန်းက ပရီးမီးယားလိဂ်မှာ နယူးကာဆယ်အသင်းကို (၀-၅)ဂိုးနဲ့ ရှုးနိမ့်ခဲ့ပြီးနောက်ပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၁၉)ပွဲမှာ ရှုးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပြီး (၁၁)ပွဲနိုင်၊ (၈)ပွဲသရေကျခဲ့တာပါ။

ဒါကြောင့် ပဲလေ့စ်အသင်းဟာ လက်ရှိအချိန်မှာ ဥရောပထိပ်တန်းလိဂ်(၅)ခုထဲ ရှုးပွဲမရှိတဲ့ ပွဲဆက်အများဆုံးအသင်းအဖြစ် ရပ်တည်နေသလို၊ အသင်းရဲ့သမိုင်းတစ်လျှောက် အရှည်ကြာဆုံး ရှုးပွဲမရှိမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ကြောင်းလည်း သိရပါတယ်။

ပဲလေ့စ်အသင်းဟာ ဒီရာသီမှာမှ ဥရောပပြိုင်ပွဲ စတင်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်တာကြောင့် ဒိုင်နမိုကိဗ်ကို အနိုင်ရရှိခြင်းက ပထမဆုံးဥရောပအဆင့်နိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။

”ကျွန်တော်တိုအတွက် ပြိုင်ပွဲတိုင်းက အတူတူပါပဲ။ ဒီပြိုင်ပွဲလိုပဲ တခြားပြိုင်ပွဲကလည်း အရေးကြီးပါတယ်။ ပွဲတိုင်းမှာ အကောင်းဆုံးပုံစံနဲ့ ရှေ့ဆက်သွားချင်ပါတယ်” လို နည်းပြ ဂလက်စ်နာက ပြောကြားခဲ့ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...