
ဂါနာချိုက အရည်အသွေး ထက်မြက်သူဆိုတာမြင်သာပါတယ်။ လူငယ်တစ်ဉီးရဲ့ လုပ်ရဲကိုင်ရဲစိတ်နဲ့ပါရမီပေါင်းစပ်ထားတယ်။ စကားစပ်မိလိုပြောရရင်ဂါနာချိုရဲ့ ကံကြမ္မာကလည်း ထူးခြားတယ်။
မက်ဆီနဲ့ စီရော်နယ်လ်ဒို နေဝင်ခါစအချိနိမှာအသင်းဖော်အဖြစ် ခေတ္တ ရေစက်ဆုံခွင့်ရတယ်။
အဲဒီရေစက်ဟာ သူအတွက်မဂ်လာတစ်ပါးပဲ။ သူက ကိုယ်ပိုင်ပါရမီရှိပြီးသားဖြစ်လို goat နှစ်ဉီးဆီကနေ အတွေ့အကြုံကောင်းတွေပိုင်ဆိုင်ခဲ့တာ တကယ်ကောင်းမွန်ပါတယ်။
ဂါနာချိုရဲ့အားနည်းချက်တစ်ခုရှိပါတယ်။သူ့ဆီမှာ ပုန်ကန်လိုစိတ်သိပ်များနေတာပါ။သူ့ကိုယ်သူအထင်ကြီးစိတ်သိပ်များနေတာပါ။
မန်ယူကိုပုန်ကန်ပြီး ချယ်လ်ဆီးရောက်ပြီးနောက်ချယ်လ်ဆီးက ကမ္ဘာ့အကောင်းဆုံးအသင်းလိုဂါနာချို
အမွှမ်းတင်လိုက်တယ်။ ကစားသမားတစ်ဉီးကအသင်းသစ်ကိုရောက်တိုင်း အခုလိုစကားမျိုးတွေပြောတာ သိပ်ပြီးမထူးဆန်းဘူး။ ဒါပေမဲ့ဂါနာချိုကျတော့ဒီပလိုမေဆီဆန်ဆန်ပြောတာမဟုတ်ဘဲ မန်ယူမုန်းစိတ်ကြောင့် စိတ်လိုလက်ရပြောခဲ့တာပါ။
တကယ်ဆိုရင် ဂါနာချိုက မန်ယူနိုက်တက်အတွက်အသုံးတော်ခွင့်ရတိုင်းမဆုတ်မနစ်ပေးဆပ်ခဲ့သူပါ။
အရည်အသွေးမြင့်ကစားသမားဆိုတာသံသယဝင်စရာမလိုပါဘူး။
ရပ်ရှ်ဖိုဒ်ပုံမှန်စွမ်းရည်မရှိချိန်၊ အန်တိုနီကပြောင်းရွှေ့ကြေးနဲ့မလိုက်ဖက်အောင်သုံးစားမရချိန်မှာဂါနာချိုက
မန်ယူနိုက်တက်တောင်ပံတိုက်စစ်အတွက်အကောင်းဆုံးပေးဆပ်ခဲ့တယ်။ဂါနာချိုက ဘယ်တောင်ပံ ၊ ညာတောင်ပံနှစ်ဘက်စလုံးမှာ
အကောင်းဆုံးကစားပြခဲ့တာပါ။မန်ယူနိုက်တက်အတွက်ဆိုရင် ဆေးစက်ကျရာအရုပ်ထင်ခဲ့ပြီး ဘယ်တော့မှ သွေးကြောင်မနေခဲ့ဘူး။
ဂါနာချိုက အမြန်နှုန်းမြင့်မားပြီးတောင်ပံတစ်လျှောက်ဆွဲပြေးနိုင်တယ်၊Cut Inside လုပ်ပြီး ဂိုးကန်သွင်းနိုင်တယ်။
ဂိုးဧရိယာထဲပြေးဝင်ပြီး အဆုံးသတ်ပိတ်သွင်းနိုင်တယ်။ဂိုးဖန်တီးမှုလုပ်ပေးနိုင်ပါတယ်။
ချယ်လ်ဆီးနည်းပြ မာရက်စ်ကာက ဘယ်တောင်ပံတိုက်စစ်ပိုပြီးအားကောင်းအောင် ဂါနာချိုကို
ယုံကြည်ထားပါတယ်။ ဒါပေမဲ့ ဂါနာချိုက ပုံမှန်နေရာအတွက် ရုန်းကန်ရနိုင်ပါတယ်။ ချယ်လ်ဆီးတိုက်စစ်မှာ
ဂါနာချိုထက်ပိုပြီးစဉ်ဆက်မပြတ်ခြေစွမ်း ပြသထားတဲ့ကစားသမားတွေရှိနေပါတယ်။
သေချာတာကဂါနာချိုဟာမန်ယူနိုက်တက်ကိုမခံချင်စိတ်နဲ့ ချယ်လ်ဆီးမှာနှစ်ဆရုန်းကန်ပြမှာဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ
ဂါနာချို ပုံစံကောင်းမပြသနိုင်သေးဘူး။ဂါနာချိုရောက်လာပြီးမှ ချယ်လ်ဆီးက ရှုးပွဲတွေရင်ဆိုင်လာရလိုလည်းလှောင်ပြောင်ခံနေရတယ်။









