• Home
  • Football News
  • Premier League
  • ပရီးမီးယားလိဂ်ပွဲစဉ်(၆)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ဟာလန်း ရွေးချယ်ခံရ

ပရီးမီးယားလိဂ်ပွဲစဉ်(၆)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ဟာလန်း ရွေးချယ်ခံရ

မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဟာလန်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၆)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်(၆)မှာ မန်စီးတီးက ဘန်လေကို (၅-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဟာလန်းက အသင်းအတွက် (၂)ဂိုးသွင်းယူနိုင်ခဲ့သလို၊ ဂိုးဖန်တီးမှု(၁)ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့် ပွဲစဉ်(၆)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး အခုလိုြရွေးချယ်မှုကို ပရိသတ်တွေရဲ့ ဆန္ဒမဲနဲ့ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ်က ပွဲစဉ်အလိုက် ဆန်ခါတင်ကစားသမားစာရင်း ထုတ်ပြန်ပေးပြီး ပရိသတ်တွေက အွန်လိုင်းကတစ်ဆင့် ဆန္ဒမဲပေးခဲ့ရာမှာ ပွဲစဉ်(၆)အတွက် ဟာလန်းက ဆန္ဒမဲ (၃၀ %)ရရှိကာ အများဆုံးဖြစ်ခဲ့ကြောင်း သိရပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ ဟာလန်းမတိုင်ခင် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသူတွေကတော့ ပွဲစဉ်(၁)မှာ ရစ်ချာလီဆန်(စပါး)၊ ပွဲစဉ်(၂)မှာ ပယ်လင်ညာ(စပါး)၊ ပွဲစဉ်(၃)မှာ ဆိုဘိုဆလိုင်း(လီဗာပူးလ်)၊ ပွဲစဉ်(၄)မှာ လူးကပ်စ်ဘာ့ဂ်ဗောလ်(စပါး)၊ ပွဲစဉ်(၅)မှာ ဂရာဗန်ဘာ့ချ်(လီဗာပူးလ်)တိုဖြစ်ကြောင်း သိရပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...