
ဥဇဘက်ကစ္စတန်ဘောလုံးအဖွဲချုပ်ဟာ အီတလီလက်ရွေးစင်နောက်ခံလူဟောင်း ကင်နာဗာရိုကို နည်းပြအဖြစ် ခန့်အပ်ဖို ကြိုးပမ်းနေကြောင်း သိရပါတယ်။
အသက်(၅၂)နှစ်ရှိပြီဖြစ်တဲ့ ကင်နာဗာရိုဟာ (၂၁)ရာစုအတွင်း Ballon d’Or ဆုရရှိဖူးတဲ့ တစ်ဦးတည်းသော နောက်ခံလူဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ကစားသမားဘဝက အနားယူခဲ့တာပါ။
အဲဒီနောက် ၂၀၁၃ ခုနှစ်မှာ နည်းပြလောကကို ဝင်ရောက်ခဲ့ပြီး ကွမ်ကျိုးအဲဗားဂရင်း၊ အယ်လ်နာဆာ၊ တီယန်ဂျင်း၊ တရုတ်လက်ရွေးစင်၊ ဘင်နီဗန်တို၊ အူဒီးနီးစ်နဲ့ ဒိုင်နမိုဇာဂရက်အသင်းတွေကို ကိုင်တွယ်ကာ လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ဖြစ်နေပါတယ်။
ဒါကြောင့် ဥဇဘက်ကစ္စတန်ဘောလုံးအဖွဲချုပ်က လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ဖို ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရပါတယ်။
ဥဇဘက်ကစ္စတန်အသင်းက လက်ရွေးစင်ကစားသမားဟောင်း ကာပက်ဇီရဲ့ ဦးဆောင်မှုနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားပြီဖြစ်ပေမဲ့ ကင်နာဗာရိုကို နည်းပြသစ်အဖြစ် ပြောင်းလဲခန့်အပ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွှဖို ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။









