
ဆိုစီဒက်နဲ့ပွဲမှာ ပြန်ကစားမယ်လို့ ယမားလ် အတည်ပြု
ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့်ကစားသမား ယမားလ်က ဒီတစ်ပတ် ယှဉ်ပြိုင်ရမယ့် ဆိုစီဒက်နဲ့ လာလီဂါပွဲမှာ ပြန်ကစားမယ်လို့ အတည်ပြုခဲ့ပါတယ်။
ယမားလ်ဟာ ပေါင်ခြံဒဏ်ရာရရှိခဲ့တာကြောင့် ဘာစီလိုနာအသင်းရဲ့ နောက်ဆုံးပွဲစဉ်(၄)ပွဲကို လွဲချော်ထားရသူဖြစ်ပြီး စက်တင်ဘာလနိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် ကစားခဲ့တဲ့ လာလီဂါ(၃)ပွဲမှာ (၂)ဂိုးသွင်း၊ (၂)ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။
ယမားလ်ဟာ ပေါင်ခြံဒဏ်ရာ အနည်းငယ်ရှိနေလျက်နဲ့ စပိန်လက်ရွေးစင်အသင်းအတွက် ကစားခဲ့ရခြင်းဖြစ်တာကြောင့် စပိန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ လူငယ်ကစားသမားတွေကို ဂရုစိုက်ခြင်းမရှိဘူးလို့ ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
ဒီအတွက် စပိန်လက်ရွေးစင်နည်းပြ ဒယ်လာဖွန်တေကလည်း ဟန်ဆီဖလစ်ခ်ရဲ့ အမြင်ကို စိတ်မဝင်စားဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
ယမားလ်ကတော့ ဒီနေ့ Instagram မှာ ” ဟေး ငါပြန်လာပြီ ” ဆိုတဲ့ စာသားရေးသားကာ ပြန်ကစားနိုင်တော့မှာဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။









