• Home
  • Football News
  • Premier League
  • အက်ကီတီကီရဲ့အောင်ပွဲခံပုံကို မိုက်မဲတဲ့လုပ်ရပ်လို အာနယ်ဆလော့ ပြစ်တင်

အက်ကီတီကီရဲ့အောင်ပွဲခံပုံကို မိုက်မဲတဲ့လုပ်ရပ်လို အာနယ်ဆလော့ ပြစ်တင်

အက်ကီတီကီရဲ့အောင်ပွဲခံပုံကို မိုက်မဲတဲ့လုပ်ရပ်လို့ အာနယ်ဆလော့ ပြစ်တင်

လီဗာပူးလ်နည်းပြ အာနယ်ဆလော့က ဆောက်သမ်တန်နဲ့ပွဲမှာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ တိုက်စစ်မှူး အက်ကီတီကီရဲ့ အောင်ပွဲခံပုံကို မိုက်မဲတဲ့လုပ်ရပ်လို့ ပြစ်တင်ပြောကြားခဲ့ပါတယ်။

အက်ကီတီကီဟာ အဲဒီပွဲမှာ ဒုတိယပိုင်းရောက်မှ လူစားဝင်ကစားခဲ့ရပြီး ပွဲချိန်(၈၅)မိနစ်မှာ အသင်းအတွက် အနိုင်ဂိုးသွင်းယူပြီးတဲ့နောက် အကျင်္ီချွတ်ပြီး အောင်ပွဲခံခဲ့တာကြောင့် ဒုတိယအဝါကတ် ပြသခံခဲ့ရတာဖြစ်ပါတယ်။

”ပထမတစ်ခုက မလိုအပ်တဲ့လုပ်ရပ်ကြောင့်ဖြစ်ပြီး ဒုတိယတစ်ခုကတော့ မိုက်မဲတဲ့လုပ်ရပ်ပါ။ တစ်ဖက်နောက်ခံလူက ဘာမှလုပ်မရအောင် တားဆီးထားနိုင်ချိန်မှာ No.9 တစ်ယောက်အတွက် ဘယ်လောက်ခက်ခဲလဲဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒီလိုအနေအထားမှာ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဂိုးသွင်းနိုင်တာဆိုရင်တော့ သူ ဒီလိုလုပ်တာကို ကျွန်တော် နားလည်ပေးနိုင်ပါတယ်” လို့ အာနယ်ဆလော့က ပြောကြားခဲ့ပါတယ်။

အက်ကီတီကီဟာ တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာကြောင့် ခရစ္စတယ်ပဲလေ့စ်နဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲကို ပွဲပယ်ခံရမှာ ဖြစ်ပါတယ်။

ဆောက်သမ်တန်ကို (၂-၁)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ အက်ကီတီကီ ထုတ်ပယ်ခံခဲ့ရပေမဲ့ တိုက်စစ်မှူး အီဆက်ခ်က လီဗာပူးလ်ကစားသမားဘဝ ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...