• Home
  • Football News
  • ဆောက်သမ်တန်နဲ့ ယှဉ်ပြိုင်ရမယ့် လိဂ်ဖလားပွဲမှာ အဓိကကစားသမား(၅)ဦးကို အနားပေးမယ်လို အာနယ်ဆလော့ အတည်ပြု

ဆောက်သမ်တန်နဲ့ ယှဉ်ပြိုင်ရမယ့် လိဂ်ဖလားပွဲမှာ အဓိကကစားသမား(၅)ဦးကို အနားပေးမယ်လို အာနယ်ဆလော့ အတည်ပြု

လီဗာပူးလ်အသင်းရဲ့နည်းပြ အာနယ်ဆလော့က ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် လိဂ်ဖလားပွဲမှာ အဓိကကစားသမား(၅)ဦးကို အနားပေးမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ လိဂ်ဖလားတတိယအဆင့်ပွဲစဉ်အဖြစ် လိဂ်ချန်ပီယံရှစ်ကလပ် ဆောက်သမ်တန်အသင်းနဲ့ မနက်ဖြန်ညမှာ အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာပါ။

လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၅)ပွဲစလုံး အနိုင်ရရှိထားသလို၊ ချန်ပီယံလိဂ်မှာလည်း အနိုင်ရရှိထားတာကြောင့် ပွဲတိုင်းရာနှုန်းပြည့်အနိုင်ရထားတဲ့အသင်းဖြစ်ပါတယ်။

အာနယ်ဆလော့က လိဂ်ဖလားပွဲဟာ ကစားသမားတွေကို အလှည့်ကျအသုံးပြုရမယ့် အချိန်ဖြစ်ပြီး ဗန်ဒိုက်၊ ကိုနာတေး၊ ဆာလာ၊ ဂရာဗန်ဘတ်ချ်နဲ့ ဆိုဘိုဆလိုင်းတို့ကို ဆောက်သမ်တန်နဲ့ပွဲမှာ အနားပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီရာသီ ပြည်တွင်းပြိုင်ပွဲသုံးခုစလုံးမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...