• Home
  • Football News
  • Premier League
  • မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖိုထက် တန်းဆင်းရဖိုက ဖြစ်နိုင်ခြေပိုများတယ်လို စူပါကွန်ပျူတာ တွက်ချက်ထား

မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖိုထက် တန်းဆင်းရဖိုက ဖြစ်နိုင်ခြေပိုများတယ်လို စူပါကွန်ပျူတာ တွက်ချက်ထား

နာမည်ကျော် အချက်အလက်ဝက်ဘ်ဆိုက် Opta ရဲ့ စူပါကွန်ပျူတာက ဒီရာသီမှာ မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ထက် တန်းဆင်းရဖို့က ဖြစ်နိုင်ခြေပိုများတယ်လို့ တွက်ချက်ထားကြောင်း သိရပါတယ်။

စူပါကွန်ပျူတာက ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်း(၂၀)ရဲ့ အလားအလာအမျိုးမျိုးကို တွက်ချက်ဖော်ပြခဲ့ရာမှာ မန်ယူအသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ခြေ (၀.၁၈ %)၊ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိနိုင်ခြေ (၄.၁၈ %)၊ ယူရိုပါလိဂ်ဝင်ခွင့်ရရှိနိုင်ခြေ (၃.၁၅ %)၊ တန်းဆင်းရနိုင်ခြေ (၁၀.၉၅ %)ရှိတယ်လို့ တွက်ချက်ထားတာဖြစ်ပါတယ်။

မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အစဉ်အလာထိပ်သီးအသင်းတွေထဲမှာ တန်းဆင်းရဖို့ ဖြစ်နိုင်ခြေအများဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရသလို၊ ထိပ်သီးအသင်းတွေထဲမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်ခြေထက် တန်းဆင်းရဖို့ ဖြစ်နိုင်ခြေပိုများနေတာကလည်း မန်ယူတစ်သင်းသာရှိကြောင်း သိရပါတယ်။

လက်ရှိအချိန် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းကတော့ တန်းဆင်းရဖို့ ဖြစ်နိုင်ခြေလုံးဝမရှိတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။

လတ်တလောမှာ တန်းဆင်းရဖို့ ဖြစ်နိုင်ခြေအများဆုံးအဖြစ် သတ်မှတ်ခံထားရတာကတော့ ဘန်လေအသင်းဖြစ်ကြောင်းလည်း သိရပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...