• Home
  • Football News
  • Premier League
  • မန်ချက်စတာဒါဘီနိုင်ပွဲကို ရစ်ကီဟက်တန်အတွက် ရည်ညွှန်းတယ်လို ဖိုဒန်နဲ့ ဂွါဒီယိုလာ ပြောကြား

မန်ချက်စတာဒါဘီနိုင်ပွဲကို ရစ်ကီဟက်တန်အတွက် ရည်ညွှန်းတယ်လို ဖိုဒန်နဲ့ ဂွါဒီယိုလာ ပြောကြား

မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဖီးလ်ဖိုဒန်နဲ့ နည်းပြ ဂွါဒီယိုလာတို့က မန်ချက်စတာဒါဘီနိုင်ပွဲကို နာမည်ကျော် ဗြိတိန်လက်ဝှေ့သမား ရစ်ကီဟက်တန်အတွက် ရည်ညွှန်းကြောင်း ပြောကြားခဲ့ပါတယ်။

ဗြိတိန်နိုင်ငံရဲ့ အကျော်ကြားဆုံးလက်ဝှေ့သမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ရစ်ကီဟက်တန်ဟာ မန်ချက်စတာဒါဘီပွဲ ကစားခဲ့တဲ့ စက်တင်ဘာ(၁၄)ရက်မှာပဲ သူ့နေအိမ်မှာ သေဆုံးနေတာကို အိမ်နီးချင်းရဲ့အကြောင်းကြားမှုနဲ့ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ရတာပါ။

ကွယ်လွန်ချိန်မှာ အသက်(၄၆)နှစ်သာရှိသေးတဲ့ ရစ်ကီဟက်တန်က မန်စီးတီးအသင်းကိုအားပေးတဲ့ ပရိသတ်တစ်ဦးဖြစ်တာကြောင့် မန်ချက်စတာဒါဘီပွဲ မစမခင် တစ်မိနစ်ငြိမ်သက်ပြီးတော့လည်း ဝမ်းနည်းကြောင်း ပြသခဲ့ကြပါတယ်။

”ဒီပွဲမှာ သူက ကျွန်တော့်ကို အပိုလှုံ့ဆော်မှုပေးခဲ့ပါတယ်။ ဒီနိုင်ပွဲက သူ၊ သူ့မိသားစုနဲ့ သူ့ကြောင့် နာကျင်ခံစားနေရတဲ့ သူတွေအတွက်ပါ။ ဒီပွဲမှာ သူ ကျွန်တော်တို့ကို အားပေးနေမှာလည်း သေချာပါတယ်” လို့ ဖိုဒန်က ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာကလည်း ”ကျွန်တော် ဒီမှာ (၁၀)နှစ်ရှိပြီ ဖြစ်တာကြောင့် ငြိမ်သက်ခဲ့ရတဲ့ မိနစ်တွေလည်း အများကြီးပါပဲ။ ဒါပေမဲ့ ဒီနေ့လောက် ဝမ်းနည်းစရာ ကောင်းတာကို ကျွန်တော် မမှတ်မိပါဘူး။ သူ့ကို ဂုဏ်ပြုပေးခဲ့ကြတဲ့ မန်ယူနိုက်တက်ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ သူက မန်စီးတီးအသင်းရဲ့ အကြီးစားပရိသတ်တစ်ယောက်ဖြစ်ပြီး သူ့မိသားစုအတွက် ကျွန်တော် အရမ်းဝမ်းနည်းမိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...