• Home
  • Transfer News
  • ကစားသမားသစ် နှစ်ဦးကို နော်တင်ဟမ်ဖောရက်စ်အသင်း တစ်ပြိုင်တည်း ခေါ်ယူ

ကစားသမားသစ် နှစ်ဦးကို နော်တင်ဟမ်ဖောရက်စ်အသင်း တစ်ပြိုင်တည်း ခေါ်ယူ

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ အင်္ဂလန်လူငယ်ကစားသမား နှစ်ဦးဖြစ်တဲ့ မန်စီးတီးအသင်းက မက္ကတီးနဲ့ အစ်ဝစ်ချ်အသင်းက ဟတ်ချင်ဆန်တို့ကို တစ်ပြိုင်တည်း ခေါ်ယူခဲ့ပါတယ်။

ဒီကစားသမား နှစ်ဦးစလုံးဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဥရောပ ယူ-၂၁ ပြိုင်ပွဲချန်ပီယံ အင်္ဂလန်အသင်းသားတွေလည်း ဖြစ်ခဲ့တယ်။

နော်တင်ဟမ်အနေနဲ့ တောင်ပံကစားသမား ဟတ်ချင်ဆန်(၂၁ နှစ်)အတွက် ပေါင် ၃၇.၅ သန်း၊ ကွင်းလယ်လူ မက္ကတီး(၂၂ နှစ်)အတွက် ပေါင် သန်း ၃၀ ကုန်ကျခဲ့ပါတယ်။

နှစ်ဦးစလုံးဟာ နော်တင်ဟမ်အသင်းနဲ့ ငါးနှစ်သက်တမ်းရှိစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

နော်တင်ဟမ်အသင်းအဖို့ ရန်းစ်အသင်းက ပြင်သစ်လူငယ်တိုက်စစ်မှူး ကာလီမူအန်ဒိုကိုလည်း ခေါ်ယူဖို့ နီးစပ်နေပါတယ်။

အစောပိုင်းကလည်း ဘိုလော့ဂ်နာအသင်းက ဆွစ်ဇာလန်တိုက်စစ်ကစားသမား အန်ဒိုယီကိုလည်း ခေါ်ယူထားပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...