
♦ ချယ်လ်ဆီး – ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် ည ၇ နာရီခွဲ)
ချယ်လ်ဆီးအသင်းက ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ပြီးနောက် ပရီးမီးယားလိဂ်မှာ ပိုပြီးယုံကြည်မှုရှိလာနိုင်တယ်။ ဒါကြောင့်လည်း ချန်ပီယံရေပန်စားမှုမှာ ချယ်လ်ဆီးကို ရေပန်းအစားဆုံး သုံးသင်းနောက်မှာ ထားရှိခဲ့တာပါ။ ပဲလေ့စ်ကတော့ FAဖလားမှာ မန်စီးတီး၊ကွန်မြူနတီဒိုင်းမှာ လီဗာပူးလ်ကို အနိုင်ကစားခဲ့လို့ အထင်ကြီးစရာပါ။စတမ်းဖို့ဒ်ဘရစ်ချ်မှာတော့ ချယ်လ်ဆီးပဲ ကြိုက်တယ်။
★ နော်တင်ဟမ်ဖောရက်စ် – ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် ည ၇ နာရီခွဲ)
နော်တင်ဟမ်ဖောရက်စ်က အယ်လန်ဂါ ထွက်သွားပေမဲ့ အန်ဒိုယီ၊ ဟတ်ချင်ဆန်အပြင် မက္ကတီးပါ ရောက်လာလို့ ပိုအင်အားတောင့်သွားစေခဲ့တယ်။
ဘရန့်ဖို့ဒ်ကတော့ ဘုန်းမောက်က ဝတ်တာရာကို ပြန်ခေါ်ထားပေမဲ့ တိုက်စစ်ပိုင်းက အပြောင်းအလဲတွေ များထားတယ်။ အိမ်ရှင်ပဲ ရွေးချယ်ချင်တယ်။
★ မန်ယူနိုက်တက် – အာဆင်နယ် (မြန်မာစံတော်ချိန် ည ၁၀ နာရီ)
နွေရာသီဈေးကွက်မှာ ရောက်လာတဲ့ မန်ယူတိုက်စစ်မှူးသစ် ရှက်ရှကိုနဲ့ အာဆင်နယ်တိုက်စစ်မှူးသစ် ယိုကယ်ရက်စ်တို့ အခုပွဲမှာ ပွဲထွက်ကစားဖို့ ရှိပါတယ်။ လက်ရှိအခြေအနေမှာ အာဆင်နယ်က ပိုကောင်းတဲ့အသင်းဖြစ်ပြီး နွေရာသီဖြည့်တင်းမှုမှာလည်း အသင်းလိုအပ်ချက်တွေအတွက် ခေါ်ယူထားနိုင်တယ်။ မန်ယူနိုက်တက်နည်းပြ အာမိုရင်မ်ကတော့ နွေရာသီကာလတစ်လျှောက်လုံး တိုက်စစ်ကိုပဲ အဓိကပြောင်းလဲခဲ့ပြီး တိုက်စစ်အတွဲအဖက်သစ်ရဲ့စွမ်းဆောင်ရည်ကို အခုပွဲမှာ စောင့်ကြည့်ရမှာပါ။
ပြီးခဲ့တဲ့ရာသီ ပြည်တွင်းမှာ မန်ယူနိုက်တက်အသင်း အဆိုးဆုံးအခြေအနေတွေမှာတောင် အာဆင်နယ်နဲ့ သုံးပွဲတွေ့ဆုံမှုမှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ကစားခဲ့တယ်။ ရာသီအဖွင့်ပွဲလည်းဖြစ်လို့ မန်ယူနိုက်တက်အသင်း ရုန်းကန်မှာဖြစ်ပြီး အမှတ်ရလိမ့်မယ်။









