
မန်စီးတီးကွင်းလယ်လူ ရိုဒရီဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်လာခဲ့ပါတယ်။
Ballon d’Or ဆုရှင် ရိုဒရီ(၂၉ နှစ်)ဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၇ ခုနှစ် စာချုပ်သက်တမ်းရှိနေပါတယ်။
မန်စီးတီးအသင်းကလည်း မကြာခင်မှာ စာချုပ်သက်တမ်းတိုးနိုင်ရေး ကမ်းလှမ်းဖို့များပါတယ်။
ကစားသမားကိုယ်တိုင်ကတော့ သူ့အနာဂတ်အတွက် မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။
စပိန်သတင်းစာ AS က မက်ဒရစ်သားတစ်ဦးဖြစ်တဲ့ ရိုဒရီဟာ ရီးယဲလ်အသင်းက ကွင်းလယ်ကစားသမားတစ်ဦး အလိုရှိနေပြီး နည်းပြကလည်း ရှာဘီအလွန်ဆိုဖြစ်နေလို့ အပြောင်းအရွှေ့ကို စဉ်းစားဖွယ်ရှိတယ်လို့ ရေးသားခဲ့ပါတယ်။
ရိုဒရီဟာ လက်ရှိမှာ ဒဏ်ရာပြန်ရထားပြီး စက်တင်ဘာလ နိုင်ငံတကာရက်သတ္တပတ်အပြီးထိ အနားယူရဖို့ ရှိတယ်လို့ မန်စီးတီးအသင်းနည်းပြ
ဂွါဒီယိုလာက ပြောခဲ့ပါတယ်။
၎င်းဟာ ပြီးခဲ့တဲ့ရာသီကလည်း စက်တင်ဘာလကတည်းက ဒူးအရွတ်ဒဏ်ရာ ရခဲ့ပြီး တစ်ရာသီလုံးနီးပါး အနားယူခဲ့ရ ပါတယ်။









