• Home
  • Football News
  • Premier League
  • ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အသင်း ရှုံးပွဲမရှိချန်ပီယံဖြစ်နိုင်တယ်လို့ အာဆင်နယ်ဂန္ထဝင် ဆိုးလ်ကမ်းဘဲလ် ထောက်ခံ

ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အသင်း ရှုံးပွဲမရှိချန်ပီယံဖြစ်နိုင်တယ်လို့ အာဆင်နယ်ဂန္ထဝင် ဆိုးလ်ကမ်းဘဲလ် ထောက်ခံ

အာဆင်နယ်ဂန္ထဝင် ဆိုးလ်ကမ်းဘဲလ်က ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းဟာ သူတို့အသင်းဟောင်းလိုပဲ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိချန်ပီယံဖြစ်လာနိုင်တယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။ 

အင်္ဂလန်နောက်ခံလူဟောင်း ဆိုးလ်ကမ်းဘဲလ်ဟာ ၂၀၀၃-၀၄ ရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိ ချန်ပီယံဖြစ်ခဲ့တဲ့ အာဆင်နယ်အသင်းမှာ အဓိကကစားသမားအဖြစ် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ ရှုံးပွဲမရှိစံချိန်နဲ့ ချန်ပီယံဆုကို ရယူနိုင်တာ အာဆင်နယ်အသင်းတစ်သင်းတည်းသာ ရှိပြီး အဲဒီစံချိန်ကို တခြားအသင်းတွေ ပိုင်ဆိုင်သွားမှာကို အာဆင်နယ်ပရိသတ်တွေအနေနဲ့ မလိုလားဘူးလို့ သိရပါတယ်။ 

ဒါပေမဲ့ အာဆင်နယ်ဂန္ထဝင် ဆိုးလ်ကမ်းဘဲလ်က လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရှုံးပွဲမရှိစံချိန်နဲ့ ရယူနိုင်စွမ်းရှိနေတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

ဆိုးလ်ကမ်းဘဲလ်က “မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ ပရီးမီးယားလိဂ်မှာ တစ်ရာသီလုံးရှုံးပွဲမရှိစံချိန်နဲ့ ချန်ပီယံဆုကို ရယူနိုင်ဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ ဒါပေမဲ့ ဒါက ဖြစ်နိုင်တဲ့အရာလည်း ဖြစ်ပါတယ်။ အခု လီဗာပူးလ်အသင်းကစားသမားတွေရဲ့ ပါရမီနဲ့ အရည်အချင်းကို ကြည့်လိုက်မယ်ဆိုရင် သူတို့ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရှုံးပွဲမရှိစံချိန်နဲ့ ရယူနိုင်တဲ့ ဒုတိယမြောက်အသင်း ဖြစ်လာနိုင်ပါတယ်”လို့ ပြောကြားခဲ့တာပါ။ 

ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းဟာ အခုနွေမှာ ဖလော်ရီယန်ဗက်ဇ်၊ ဖရင်ပေါင်၊ ကာကက်ဇ်၊ အီကီတိုက်အပါအဝင် ကစားသမား (၇) ဦးကို ပေါင်သန်း (၃၀၀) နီးပါး အသုံးပြုခေါ်ယူထားသလို နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကိုလည်း ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ 

ဒါကြောင့် လီဗာပူးလ်အသင်းဟာ ဘွတ်ကီဒိုင်တွေရဲ့ အလေးပေးချက်အရ လာမယ့် ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ 

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...