• Home
  • Transfer News
  • အဲဗာတန်ကို ပြောင်းရွှေ့ကစားဖို ဂရီးလစ်ရှ်ကို ဘယ်ရီ တိုက်တွန်း

အဲဗာတန်ကို ပြောင်းရွှေ့ကစားဖို ဂရီးလစ်ရှ်ကို ဘယ်ရီ တိုက်တွန်း

အဲဗာတန်ကွင်းလယ်လူဟောင်း ဘယ်ရီက မန်စီးတီးတိုက်စစ်ကစားသမား ဂရီးလစ်ရှ်ကို အဲဗာတန်အသင်းသို့ ပြောင်းရွှေ့ကစားဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

အသက် (၂၉) နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်တိုက်စစ်ကစားသမား ဂရီးလစ်ရှ်ဟာ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ရတဲ့ မန်စီးတီးအသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရသလို နည်းပြ ဂွါဒီယိုလာရဲ့ အနာဂတ်အစီအစဉ်တွေမှာ မပါဝင်တာကြောင့် အခုနွေမှာ အသင်းပြောင်းရွှေ့ကစားဖို့ စီစဉ်နေတာပါ။

လက်ရှိမှာ သူ့ကို ခေါ်ယူဖို့ စီးရီးအေချန်ပီယံ နာပိုလီအသင်းနဲ့ အဲဗာတန်အသင်းတို့က စိတ်ဝင်စားနေပြီး ဂရီးလစ်ရှ်အနေနဲ့ မန်စီးတီးအသင်းဖော်ဟောင်း ဒီဘရိုင်းနား ရှိနေတဲ့ နာပိုလီအသင်းထံ ပြောင်းရွှေ့ကစားဖွယ်ရှိတယ်လို့ သတင်းထွက်နေပါတယ်။

ဒါပေမဲ့ အဲဗာတန်ကွင်းလယ်ကစားသမားဟောင်း ဘယ်ရီက ဂရီးလစ်ရှ်ကို အဲဗာတန်အသင်းသို့ ပြောင်းရွှေ့ကစားဖို့ တိုက်တွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဘယ်ရီက “ကျွန်တော်သာ ဂရီးလစ်ရှ်ဆိုရင် ကျွန်တော့်ကို အထင်သေးနေတဲ့သူတွေကို သူတို့ မှားယွင်းကြောင်း သက်သေပြမှာပါ။ လူတွေက ဂရီးလစ်ရှ် ဘာမှမဟုတ်တော့ဘူးလို့ ထင်နေကြပါတယ်။ ဂရီးလစ်ရှ်အနေနဲ့ ပုံမှန်ပွဲကစားခွင့်ရမယ်ဆိုရင် အင်္ဂလန်လက်ရွေးစင်အသင်းမှာတောင် ကစားခွင့်ရနိုင်သေးတယ်လို့ တွေးနေမှာပါ။ ဒီတော့ ဂရီးလစ်ရှ်အနေနဲ့ အဲဗာတန်အသင်းကို ပြောင်းရွှေ့ကစားတာဟာ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...