
အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ပထမအကြိမ်ကမ်းလှမ်းမှု ငြင်းပယ်ခံခဲ့ရတဲ့ အေဂျက်စ်နောက်ခံလူ ဟာတိုကို ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။
နယ်သာလန်နောက်ခံလူ ဟာတို(၁၉ နှစ်)ဟာ ချယ်လ်ဆီးအသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီလို့ သတင်းထွက်နေပေမဲ့ ချယ်လ်ဆီးအသင်းရဲ့ ယူရိုသန်း(၄၀)နဲ့ ကမ်းလှမ်းမှုကိုတော့ အေဂျက်စ်အသင်းက ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။
အေဂျက်စ်အသင်းက ဟာတိုအတွက် ပြောင်းရွှေ့ကြေးကို ယူရို(၅၅)သန်းနဲ့ ယူရိုသန်း(၆၀)ကြားရရှိမှသာ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
ဒါကြောင့် ချယ်လ်ဆီးအသင်းက ထပ်မံကမ်းလှမ်းဖို့ စီစဉ်နေသလို၊ အာဆင်နယ်အသင်းကလည်း ချယ်လ်ဆီးနဲ့အပြိုင် ကမ်းလှမ်းဖွယ်ရှိကြောင်း သိရပါတယ်။
အစောပိုင်းမှာ ချယ်လ်ဆီးမဟုတ်တဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းနှစ်သင်းက ကမ်းလှမ်းခဲ့တာကိုတော့ ဟာတိုက ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။
ဟာတိုဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဒတ်ချ်လိဂ်ရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့သူပါ။









