
မန်ယူနိုက်တက်ကစားသမားသစ် အမ်ဘူမိုက အသင်းဂျာစီကို ဝတ်ဆင်ပြီး ကြီးပြင်းလာတယ်လို
ပြောခဲ့ပါတယ်။
မန်ယူအသင်းဟာ အမ်ဘူမိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းနဲ့ Add-ons ကြေး ပေါင် ၆ သန်း ပေးချေရမှာဖြစ်တယ်။
၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးနိုင်တဲ့ အချက်လည်း ပါဝင်
ပါတယ်။
အမ်ဘူမိုက “မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့နိုင်တဲ့ အခွင့်အရေး ရလာချင်းပဲ ကျွန်တော့်အိပ်မက်တွေရဲ့ကလပ်အတွက် လက်မှတ်
ထိုးခွင့်ရမယ့် အခွင့်အလမ်းကို ရယူခဲ့ပါတယ်။
ဒီအသင်းဂျာစီကိုဝတ်ဆင်ရင်း ကြီးပြင်းလာတာပါ”လို အမ်ဘူမိုက ပြောခဲ့ပါတယ်။
အမ်ဘူမိုဟာ ပြီးခဲ့တဲ့ရာသီက ဂိုး ၂၀ သွင်းကာ ၇ ဂိုး ဖန်တီးခဲ့ပြီး ကစားသမားဘဝ အအောင်မြင်ဆုံးရာသီ ဖြစ်ခဲ့ပါတယ်။









