
လီဗာပူးလ်အသင်းဂန္ထဝင်နည်းပြ ယာဂန်ကလော့ပ်က မန်ယူနိုက်တက်အသင်းမှာ သူ့ကို ဖာဂူဆန်နေရာ အစားထိုးဖိုကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ရတဲ့အကြောင်း ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။
ကလော့ပ်ဟာ ဗြိတိန်စွန့်ဦးတီထွင်သူ စတိဗ်ဘတ်လတ်ရဲ့ Diary of a CEO podcast မှာ အခုလို ဖွင့်ဟခဲ့တာဖြစ်တယ်။
မန်ယူနိုက်တက်အသင်းဟာ ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန် အနားယူချိန် ယာဂန်ကလော့ပ်ကို ခေါ်ယူဖို ကြိုးစားခဲ့ပေမဲ့ ဒေါ့မွန်အသင်းနဲ့ စာချုပ်ရှိနေလို ပယ်ချခဲ့တာလို ဖွင့်ဟခဲ့ပါတယ်။
”ဆာအဲလက်စ်အနားယူချိန် အဲဒီနှစ်မှာ သူတို ကျွန်တော့်ကို စကားပြောခဲ့တယ်။ အခြေအနေတစ်ခုမှာ သူတို ကျွန်တော့်ကို စိတ်ဝင်စားခဲ့တယ်။ အဲဒီအချိန်မှာပဲ ကျွန်တော်လည်း စိတ်ဝင်စားပါတယ်။ ကျွန်တော်ဟာ ငယ်ရွယ်သေးပြီး ဒေါ့မွန်မှာ
စိတ်လှုပ်ရှားဖွယ် အသင်းတစ်သင်းကို ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော် အဲဒီမှာ ဘာလုပ်နေသလဲလို
သူတို တွေးကောင်းတွေးနိုင်ပါတယ်။ ယူနိုက်တက်က ကျွန်တော့်ကို ကြိုးစားခဲ့တယ်။ ဒါက မှားယွင်းတဲ့အချိန်၊ မှားယွင်းတဲ့အခိုက်အတန့်ဖြစ်ခဲ့တယ်။ ကျွန်တော် ဒေါ့မွန်နဲ့ စာချုပ်ရှိနေခဲ့ပြီး ဘာအတွက်မှ မစွန့်ခွာနိုင်ခဲ့ပါဘူး။ သူတိုက မန်နေဂျာအသစ်တစ်ယောက် လိုချင်ခဲ့ပြီး ကျွန်တော်ဟာ ရွေးချယ်စရာ အနည်းငယ်ထဲက တစ်ဦးဖြစ်ခဲ့တယ်လို ယူဆပါတယ်။ ကျွန်တော် စကားပြောဆွေးနွေးမှု တချိုတော့ ရှိခဲ့ပါတယ်။ စိတ်ကူးက ကြီးမားပြီး ကျွန်တော်တို လိုချင်တဲ့ကစားသမားအားလုံး ရနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီမှာထိုင်နေရင်း ကျွန်တော် စဉ်းစားမိတာက ဒါဟာ ကျွန်တော် စီမံကိန်း မဟုတ်တာပါပဲ။ အချိန်လည်း အမှားခဲ့ပြီး အဓိကကတော့ ကျွန်တော့်စီမံကိန်း မဟုတ်တာပါပဲ”လို
ယာဂန်ကလော့ပ်က ပြောခဲ့ပါတယ်။
ဒါ့အပြင် ၎င်းက မန်ယူနိုက်တက်အနေနဲ့ အသင်းကစားသမားဟောင်းတွေဖြစ်တဲ့ စီရော်နယ်လ်ဒိုနဲ့ ပေါ့ဘာ ပြန်လည်မခေါ်ခဲ့သင့်ဘူးလို သုံးသပ်ခဲ့ပါတယ်။









