လီဗာပူးလ်ရဲ့အမှောင်ဆုံးအချိန်

လီဗာပူးလ်ရဲ့အမှောင်ဆုံးအချိန်

လီဗာပူးလ်က အရှုံးတွေကြားလဲပြိုလို့မဆုံးနိုင်ပါဘူး။ ပေါင်သန်းလေးရာကျော်သုံးပြီး ပြင်ဆင်ထားပေမယ့် လီဗာပူးလ်ရဲ့ မျှော်လင့်ချက်တွေအတုန်းအရုံး ဖြစ်နေရပြီ။ ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်ချန်ပီယံဖြစ်ချိန်ကရှုံးပွဲအရေအတွက်နဲ့ လက်ရှိရာသီ ပွဲစဉ် ၉ ပြီးဆုံးချိန်မှာ တူညီသွားခဲ့တယ်။

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် လက်ရှိချန်ပီယံအသင်းတွေအခုလိုမျိုးလေးပွဲဆက် ရှုံးပွဲတွေ့တာ ရှားပါတယ်။ ၂၀၁၆-၁၇ ရာသီမှာ လက်စတာ ငါးပွဲဆက်၊ ၂၀၂၀-၂၁ ရာသီမှာ လီဗာပူးလ် လေးပွဲဆက်နဲ့ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီး လေးပွဲဆက်တို့ဖြစ်ပါတယ်။

ချန်ပီယံဆု ထိန်းသိမ်းမယ့်အသင်းတစ်သင်းအတွက် အခုလိုရှုံးပွဲဆက်တာဟာ ကြီးမားတဲ့အနုတ်လက္ခဏာပါ။ လီဗာပူးလ်ရဲ့ချန်ပီယံကာကွယ်ပွဲအိပ်မက်ဟာ ကျပျောက်လုနီးပါးဖြစ်ခဲ့ရပြီ။ လီဗာပူးလ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် လေးပွဲဆက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဗန်ဒိုက်ဉီးဆောင်တဲ့ လီဗာပူးလ်ခံစစ်က မလုံခြုံတော့ပါဘူး။ ပြီးခဲ့တဲ့မေလကစတင်ပြီး လီဗာပူးလ်ခံစစ်က နှစ်ဂိုးနဲ့အထက်ပေးရတဲ့ပွဲအများဆုံး ပရီးမီးယားလိဂ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်မှာ ပွဲစဉ် ၁၆ အထိ ပေးဂိုး ၁၄ ဂိုးမရှိပေမယ့်လက်ရှိရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၉ အပြီးမှာပဲ ၁၄ ဂိုးပေးလိုက်ရပါပြီ။

ပေါင် ၁၁၆ သန်းတန် ဖလော်ရီယန်ဗက်ဇ်ရဲ့အညံ့စား စွမ်းဆောင်ရည်ကို မြင်နေရဆဲပါ။ ပြီးခဲ့တဲ့တပတ်ပရီးမီးယားလိဂ်ပွဲမှာဘရန့်ဖို့ဒ်အသင်းပရိသတ်တွေက ဖလော်ရီယန်ဗက်ဇ်ကိုရည်ရွယ်ပြီး ” ပိုက်ဆံဖြုန်းမိပြီ ပိုက်ဆံဖြုန်းမိပြီ” လို့အော်ဟစ်လှောင်ပြောင်ခဲ့ကြတယ်။

လီဗာပူးလ်နည်းပြ အာနယ်ဆလော့က ” ကျနော်တို့လမ်းကြောင်းမှန်ပြန်ရောက်စေမယ့် အိုင်ဒီယာရှိပါတယ်” လို့ပြောပေမယ့် လိဂ်ဖလားမှာခရစ္စတယ်ပဲလေ့စ်ကို ထပ်ရှုံးပြန်တယ်။ ဆုဖလားတစ်ခုလက်လွှတ်လိုက်ရပြန်တယ်။ ပြိုင်ပွဲစုံနောက်ဆုံး ၇ ပွဲမှာ ၆ ပွဲရှုံးပြီး
လီဗာပူးလ်ကအမှောင်ဆုံးအချိန်ရောက်သွားပါတယ်။

လီဗာပူးလ်က လာမယ့်သုံးပွဲမှာ ဗီလာနဲ့ ပရီးမီးယားလိဂ်ပွဲ၊ ရီးယဲလ်နဲ့ချန်ပီယံလိဂ်ပွဲ၊ မန်စီးတီးနဲ့ပရီးမီးယားလိဂ်ပွဲတွေကစားရမှာဖြစ်ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...