• Home
  • Football News
  • Premier League
  • ပရီးမီးယားလိဂ်ပွဲစဉ်(၈)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် မက်ဂွိင်းရား ရွေးချယ်ခံရ

ပရီးမီးယားလိဂ်ပွဲစဉ်(၈)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် မက်ဂွိင်းရား ရွေးချယ်ခံရ

ပရီးမီးယားလိဂ်ပွဲစဉ်(၈)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် မက်ဂွိုင်းရား ရွေးချယ်ခံရ

မန်ယူအသင်းရဲ့အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းရားဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၈)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ပရိသတ်တွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်(၈)မှာ မန်ယူအသင်းက လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကို အန်ဖီးလ်ကွင်းမှာ (၂-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး မက်ဂွိုင်းရားက အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြကာ အနိုင်ဂိုးပါ သွင်းယူပေးခဲ့ပါတယ်။

ဒါကြောင့် ပရိသတ်တွေရဲ့ ဆန္ဒမဲ (၄၂%)ရရှိကာ ပွဲစဉ်(၈)ရဲ့အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး ဟာလန်းက (၁၄%)၊ မာတက်တာက (၁၂%)၊ ဆာကာက (၁၁%)၊ ရီးစ်ဂျိမ်းစ်က (၁၀%)၊ မူကီလီက (၇%)၊ နက်တိုက (၃%)၊ ကရူပီက (၁%)သာ ရရှိခဲ့ကြောင်း သိရပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို စပါးက (၃)ဦး၊ လီဗာပူးလ်က (၂)ဦး၊ မန်စီးတီး၊ ချယ်လ်ဆီးနဲ့ မန်ယူက (၁)ဦးစီ ရရှိထားပြီး နှစ်ကြိမ်ရရှိသူ မရှိသေးပါဘူး။

အသက်(၃၂)နှစ်ရှိပြီဖြစ်တဲ့ မက်ဂွိုင်းရားဟာ လစာလျှော့ယူပြီး မန်ယူအသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...